အောက်တိုဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်

ပရီးမီးယားလိဂ်အဖွဲချုပ်ဟာ အောက်တိုဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်ခဲ့ပါတယ်။

အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်တီကတ်ရှ်(အက်စတွန်ဗီလာ)၊ ဂီမာရေ့စ်(နယူးကာဆယ်)၊ ဟာလန်း(မန်စီးတီး)၊ ခရူပီ(ဘုန်းမောက်)၊ အမ်ဘူမို(မန်ယူ)၊ မူကီလီ(ဆန်းဒါးလန်း)၊ သီယာဂို(ဘရန့်ဖိုဒ်)နဲ့ တင်ဘာ(အာဆင်နယ်)တို ပါဝင်ခဲ့ပြီး ဟာလန်းကလွဲရင် ကျန်တဲ့ကစားသမားတွေက ဒီရာသီမှာ လအလိုက်အကောင်းဆုံးဆု ရရှိဖူးခြင်း မရှိသေးပါဘူး။

အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ အောက်တိုဘာလအတွင်း ပရီးမီးယားလိဂ်သုံးပွဲစလုံး အနိုင်ရခဲ့ကြတဲ့ အာမိုရင်မ်(မန်ယူ)၊ အာတေတာ(အာဆင်နယ်)၊ အူနိုင်းအမ်မရီ(အက်စတွန်ဗီလာ)တိုနဲ့အတူ အိုင်ရာအိုလာ(ဘုန်းမောက်)တို ပါဝင်ခဲ့ပြီး (၄)ဦးစလုံး ဒီရာသီမှာ လအလိုက်အကောင်းဆုံးနည်းပြဆု မရဖူးသေးပါဘူး။

အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ဆယ်မင်ညို၊ ဂျပ်စတင်ကလွိက်ဗတ်(ဘုန်းမောက် ၃-၁ ဖူလ်ဟမ်ပွဲ)၊ ကိုင်စီဒို(ချယ်လ်ဆီး ၂-၁ လီဗာပူးလ်ပွဲ)၊ ချာအူနာ(ဘန်လေ ၂-၀ လိဒ်စ်ပွဲ)၊ ဗော်တာမယ်ဒီ(ဘရိုက်တန် ၂-၁ နယူးကာဆယ်ပွဲ)၊ ဘူအန်ဒီယာ(စပါး ၁-၂ အက်စတွန်ဗီလာပွဲ)၊ ဆာလာ(ဘရန့်ဖိုဒ် ၃-၂ လီဗာပူးလ်ပွဲ)၊ ဖလမ်းမင်း(ဝုလ်ဗ် ၂-၃ ဘန်လေပွဲ) တို ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံးကာကွယ်မှုဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ရိုအက်ဖ်စ်(မန်ယူ ၂-၀ ဆန်းဒါးလန်းပွဲ)၊ မက်ဇ်ဆဲလ်စ်(နယူးကာဆယ် ၂-၀ နော်တင်ဟမ်ဖောရက်စ်ပွဲ)၊ ဆမ်ဂျွန်စတုန်း(ဝုလ်ဗ် ၁-၁ ဘရိုက်တန်ပွဲ)၊ ဒင်းန်ဟန်ဒါဆန်(အာဆင်နယ် ၁-၀ ခရစ္စတယ်ပဲလေ့စ်ပွဲ)၊ ဒူဘရေကာ(ဝုလ်ဗ် ၂-၃ ဘန်လေပွဲ)၊ ဗစ်ကာရီယို(အဲဗာတန် ၀-၃ စပါးပွဲ)တို ပါဝင်ခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ ဒီဆုတွေအတွက် မဲပေးမှုကို ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ နိုဝင်ဘာ(၃)ရက်နေ့အထိ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။