ချယ်လ်ဆီးအသင်းနောက်ခံလူ ကူကူရယ်လာက ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်မှုဖို့ ခက်တယ်လို့ ပြောကြားခဲ့ပါတယ်။
နူးကမ့်မှာ ယနေ့ကစားမယ့် အီဂျစ်အသင်းနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက ဘာစီလိုနာအသင်း ကမ်းလှမ်းလာရင် ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့ မေးခွန်းကို ကူကူရယ်လာက အခုလို တုံ့ပြန်ခဲ့တာဖြစ်တယ်။
ကူကူရယ်လာဟာ ဘာစီလိုနာအကယ်ဒမီမှာ တက်ရောက်ခဲ့ဖူးပေမဲ့ အသင်းကြီးပွဲ တစ်ပွဲမှ မကစားခဲ့ရပါဘူး။
ိ”ဒီလိုအခြေအနေဖြစ်လာရင်တော့ သူတို့က ငြင်းဆန်ဖို့ခက်ပါတယ်။ ဒါကို ကျွန်တော် စဉ်းစားရလိမ့်မယ်။ ကျွန်တော်မှ မဟုတ်ပါဘူး။ ကျွန်တော့်မိသားစုလည်း ဒီလို တွေးမိလိမ့်မယ်။ ကျွန်တော်တို့အားလုံး
အကောင်းဆုံးကို ဆုံးဖြတ်ကြရာမှာပါ။ အခုချိန်မှာတော့ ဒီအကြောင်း စဉ်းစားရမှာမဟုတ်ပါဘူး။ ဒါဖြစ်လာခဲ့ရင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ တွေ့ရမှာပါ”လို့ ကူကူရယ်လာက ပြောခဲ့ပါတယ်။
ဒါပေမဲ့ ၎င်းက လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းမှာပဲ ပျော်ရွှင်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။
”စပိန်ကို ပြန်မယ့်အကြောင်း အမြဲတွေးထားပါတယ်။ ကျွန်တော် ချယ်လ်ဆီးအသင်းမှာ အလွန်ပျော်ရွှင်နေပါတယ်။ ကျွန်တော့်မိသားစုလည်း ဒီလိုပါပဲ။ အခုကစပြီး နှစ်အနည်းငယ်ကြာရင် ကျွန်တော် အဲဒီကနေ
ထွက်ခွာပါမယ်”လို့ ကူကူရယ်လာက ထပ်ပြောခဲ့ပါတယ်။
ကူကူရယ်လာ(၂၇ နှစ်)ဟာ ၂၀၂၂ ခုနှစ်မှာ ဘရိုက်တန်အသင်းကနေ ချယ်လ်ဆီးကို ပေါင် သန်း ၆၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး အခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစားကာ အသင်းရဲ့ အဓိကကစားသမား
တစ်ဦးလည်း ဖြစ်နေပါတယ်။
ချယ်လ်ဆီးအသင်းမှာ ကူကူရယ်လာ မတိုင်ခင် ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကလည်း အနာဂတ်မရေရာတဲ့ နှုတ်ထွက်စကားတွေ ပြောခဲ့ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ၂၀၂၃ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ ပေါင် ၁၀၈ သန်းနဲ့ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG အသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် အန်ဇိုဖာနန်ဒက်ဇ်က နွေရာသီမှာ ဘာတွေဖြစ်လာမလဲ မသိဘူးလို့ ပြောခဲ့တာဖြစ်တယ်။
ဒါ့အပြင် ၎င်းဟာ နည်းပြဟောင်း မာရက်စကာကို ရာထူးက ထုတ်ပယ်ခဲ့မှုအတွက်လည်း အသင်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အခုနိုင်ငံတကာရက်သတ္တပတ်မှာလည်း အသင်းက ထွက်ဖွယ်ရှိမှုကို အရိပ်အမြွက် ဖွင့်ဟလာခဲ့တယ်။
အာဂျင်တီးနားရုပ်သံ SpiderCARP က နောက်ထပ်ဘယ်မြို့မှာ နေလိုသလဲမေးမြန်းမှုကို အန်ဇိုဖာနန်ဒက်ဇ်က ”မက်ဒရစ်ပေါ့။ ကျွန်တော် မက်ဒရစ်ကို အရမ်းကြိုက်ပါတယ်။ ဗျူနိုအေရိစ်မှာ နေရသလို
ပါပဲ”လို့ ပြောခဲ့ပါတယ်။