ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

စပါးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အီတလီနည်းပြ ဒီဇာဘီကို ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

စပါးအသင်းဟာ ခရိုအေးရှားနည်းပြ တူဒေါနဲ့ မနေ့က လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ် ခန့်အပ်ဖို့ စီစဉ်နေရာမှာ ဒီဇာဘီက နံပါတ်(၁)ဦးစားပေးဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ မာဆေးလ်အသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဇာဘီကလည်း စပါးအသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေပေမဲ့ ရာသီကုန်မှ ကိုင်တွယ်ဖို့ ပိုမိုလိုလားနေကြောင်း သိရပါတယ်။

ဒါပေမဲ့ စပါးအသင်းက ချက်ချင်းခန့်အပ်လိုတာကြောင့် မြင့်မားတဲ့ လစာနှုန်းထားတဲ့ ကမ်းလှမ်းထားသလို၊ တန်းဆင်းဇုန်က လွတ်မြောက်ရင် အပိုဆုကြေး ပေါင်သန်းဂဏန်း ပေးအပ်မယ်ဆိုတဲ့ မက်လုံးလည်း ပေးထားကြောင်း သိရပါတယ်။

စပါးအသင်းက ဒီဇာဘီကို ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားတဲ့အပြင် နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့်သဘောတူညီမှုလည်း ပါဝင်မှာဖြစ်ကြောင်း၊ လစာအဖြစ် တစ်နှစ်ပေါင်(၁၂)သန်း ပေးအပ်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြမှုတွေ ရှိနေပါတယ်။

ပရီးမီးယားလိဂ်မှာ လက်ရှိလစာအများဆုံးနည်းပြက တစ်နှစ်ပေါင်သန်း(၂၀)ရနေတဲ့ ဂွါဒီယိုလာဖြစ်ပြီး အာတေတာက တစ်နှစ်ပေါင်(၁၅)သန်းနဲ့ ဒုတိယအများဆုံးရရှိနေတာကြောင့် ဒီဇာဘီအနေနဲ့ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ရင် ပရီးမီးယားလိဂ်ရဲ့ တတိယလစာအများဆုံးနည်းပြ ဖြစ်လာမယ်လို့ သိရပါတယ်

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။