ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်

DR ကွန်ဂိုအသင်းက ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် တစ်ဦးကို အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်လို့ သိရပါတယ်။

DR ကွန်ဂိုနိုင်ငံရဲ့ သမ္မတ ရှီဆီကေဒီက အခုလိုမျိုး ထူးခြားတဲ့ ဆုချီးမြှင့်မှု ပြုလုပ်သွားမှာဖြစ်ကြောင်း ဂုဏ်ပြုပွဲအခမ်းအနားမှာ အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး မီဒီယာတွေရဲ့ ဆုကြေးနဲ့ပတ်သက်တဲ့ ဖော်ပြမှုမှာ ကွဲလွဲချက်အနည်းငယ်တော့ ရှိခဲ့ပါတယ်။

တချို့မီဒီယာတွေက အိမ်တစ်လုံးလို့ ဖော်ပြခဲ့ပေမဲ့ တချို့မီဒီယာတွေက မြေကွက်တစ်ကွက်လို့ ဖော်ပြခဲ့တာပါ။

DR ကွန်ဂိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၄ ခုနှစ်က တစ်ကြိမ်ယှဉ်ပြိုင်ခဲ့ပြီးနောက် နှစ်ပေါင်း(၅၂)နှစ်ကြာမှ ဒုတိယအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာကြောင့် ကစားသမားတွေနဲ့ နည်းပြအဖွဲ့ကို သူမတူတဲ့ ဆုချီးမြှင့်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး သမ္မတ ရှီဆီကေဒီက အခုကစပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန်ယှဉ်ပြိုင်သွားနိုင်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

DR ကွန်ဂိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ၊ ဥဇဘက်ကစ္စတန်၊ ကိုလံဘီယာတို့နဲ့အတူ အုပ်စု(K)မှာ ကျရောက်နေပါတယ်။

DR ကွန်ဂိုအသင်းဟာ ၁၉၇၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းက အုပ်စုတွင်း (၃)ပွဲစလုံး ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။