အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါရဲ့ဒူးဒဏ်ရာအခြေအနေ စိုးရိမ်ရ

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါရဲ့ဒူးဒဏ်ရာအခြေအနေ စိုးရိမ်ရ

အာဆင်နယ်အသင်းနည်းပြ အာတေတာက ဝက်စ်ဟမ်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ အသင်းခေါင်းဆောင် အော်ဒီဂွါရဲ့ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

အော်ဒီဂွါဟာ ဝက်စ်ဟမ်းကစားသမား ဆမ်မာဗေးလ်နဲ့ ထိခိုက်မိပြီး ဘယ်ဘက်ဒူးဒဏ်ရာ ရခဲ့ကာ ၃၀ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။

၎င်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲထွက်ကစားခွင့်ရတဲ့ သုံးပွဲဆက်တိုက် ပထမပိုင်းမပြီးခင် လူစားလဲခံရတဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့တယ်။

ပြီးခဲ့တဲ့ လိဒ်စ်၊ နော်တင်ဟမ်အသင်းတို့နဲ့ ပွဲတွေမှာ လူစားလဲခံရတာက ပခုံးဒဏ်ရာကြောင့် ဖြစ်ပါတယ်။

”သူဟာ ဒူးချင်းထိခိုက်မိခဲ့တယ်လို့ ကျွန်တော် ယူဆပါတယ်။ ချက်ချင်းပဲ သက်သောင့်သက်သာ မရှိတော့ပါဘူး။ ကျွန်တော် သူနဲ့ စကားပြောခဲ့ပြီး သူ့ဒဏ်ရာက အခြေအနေ မကောင်းပါဘူး။ ဆရာဝန်တွေထံက အဖြေကို ကျွန်တော်တို့ စောင့်ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအတွက် ကံအတော်မကောင်းခဲ့တာပါ”လို့ အာတေတာက ပြောခဲ့ပါတယ်။

အာတေတာဟာ အခုပွဲမှာ အာဆင်နယ်အသင်းကို ကိုင်တွယ်မှု ပွဲ ၃၀၀ ပြည့်ခဲ့ပြီး နိုင်ပွဲ ၁၇၇ ပွဲ ရှိခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။