အယ်လ်ဗာရက်ဇ်ကို မန်စီးတီးအသင်းမှာ ရှိစေချင်တယ်လို ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာက အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို မန်စီးတီးအသင်းမှာ ရှိစေချင်တယ်လို ပြောကြားခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်(၂၅ နှစ်)ဟာ မန်စီးတီးအသင်းနဲ့အတူ ဖလားသုံးလုံးအောင်ပွဲ ရယူနိုင်ခဲ့သူဖြစ်ပြီး ပွဲကစားခွင့်ပိုရချင်တာကြောင့် ၂၀၂၄ နွေရာသီမှာ အက်သလက်တီကိုအသင်းကို ယူရို(၉၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းမှာလည်း ခြေစွမ်းပြနေတာကြောင့် ဂွါဒီယိုလာက လက်မလွှတ်ချင်ဘဲ လွှတ်လိုက်ရတာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

”ကျွန်တော်တို ဖလားသုံးလုံးရခဲ့တုန်းက အရန်ခုံထိုင်ခဲ့ရတဲ့ကစားသမားတွေကို မှတ်မိသေးလား။ လာပေါ်တေးက အရမ်းကောင်းတဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပြီး လက်ရွေးစင်အသင်းမှာ ပုံမှန်နေရာရနေသူပါ။ ပြီးတော့ ဂျူလီယန်(အယ်လ်ဗာရက်ဇ်)နဲ့ တခြားကစားသမားတွေကလည်း ကျွန်တော် အသင်းမှာ ရှိစေချင်သူတွေပါ။ ဒါပေမဲ့ သူတိုက ပွဲကစားခွင့်ပိုရချင်တာကြောင့် ထွက်ခွာသွားကြပါတယ်။ ဂျူလီယန်က အာလင်းနဲ့ ပြိုင်ဆိုင်ခဲ့ရပြီး ကျွန်တော်တိုအတွက် အပိုစွမ်းအားတွေ ဖြစ်ခဲ့ပါတယ်။ သူက အခု ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကိုမှာ ကမ္ဘာ့အဆင့်နည်းပြ ဆီမြွန်နီနဲ့အတူ စွမ်းဆောင်ရည်ကောင်း ပြသနေပါတယ်။ သူ့ကို အသင်းမှာ ရှိစေချင်ပေမဲ့ နားလည်ပါတယ်” လို ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းအတွက် (၆၆)ပွဲကစားပြီး (၃၆)ဂိုး သွင်းယူပေးထားကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။