အင်္ဂလန်အသင်းလူစာရင်းကနေ ရီးစ်ဂျိမ်းစ် ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပြီး အိုရိုင်လေးကို အစားထိုးရွေးချယ်

ချယ်လ်ဆီးအသင်းရဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ဟာ လီဗာပူးလ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး နည်းပြသောမတ်စ်တူဟယ်လ်က မန်စီးတီးဘယ်နောက်ခံလူ နီကိုအိုရိုင်လေးကို အစားထိုးရွေးချယ်ခဲ့ကြောင်း သိရပါတယ်။

ရီးစ်ဂျိမ်းစ်ဟာ လီဗာပူးလ်နဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမဲ့ ခြေသလုံးမှာ ဒဏ်ရာရရှိနေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာကတည်းက ဆေးစစ်မှုခံယူရမှာဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အိုရိုင်လေးဟာ မန်စီးတီးအသင်းရဲ့ နောက်ဆုံးပရီးမီးယားလိဂ်(၄)ပွဲမှာ ပွဲထွက်ကစားခွင့်ရရှိထားသူဖြစ်ပြီး အင်္ဂလန်ယူ-၂၁ အသင်းအတွက် ရွေးချယ်ထားပေမဲ့ သောမတ်စ်တူဟယ်လ်က လက်ရွေးစင်အသင်းအတွက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အိုရိုင်လေးဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံရခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အိုရိုင်လေးဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံလူအဖြစ် ခြေစွမ်းပြနေပေမဲ့ ခံစစ်အတွင်းလူ၊ ကွင်းလယ်နေရာနဲ့ တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်သူဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။