လီဗာပူးလ်ရဲ့ဂိုးသွင်းစက်အသစ်၊ အီကီတိုက်

ပြီးခဲ့တဲ့ရာသီမှာဖရန့်ဖတ်အသင်းအတွက် ၁၅ ဂိုးသွင်းပြီးဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ခဲ့တဲ့ အီကီတိုက်ခ်က ဉရောပထိပ်တန်းလိဂ်ငါးခုရဲ့အကောင်းဆုံးအသက်၂၃ နှစ်အောက်ကစားသမားဖြစ်ခဲ့ပါတယ်။

အခုသူက ပရီးမီးယားလိဂ်မှော်ရုံတောမှာ သွင်းဂိုးမုဆိုးဖြစ်နေပြီ။ လီဗာပူးလ်အတွက်ပရီးမီးယားလိဂ်နှစ်ပွဲဆက်ဂိုးသွင်းပြီး အီကီတိုက်က လာခြင်းကောင်းသူ ဖြစ်နေပါတယ်။ ခံစစ်အားနည်းချက်တွေနဲ့ လီဗာပူးလ်ကို သွင်းဂိုးတွေနဲ့ကယ်တင်ပေးသူဖြစ်နေပါတယ်။

ဉရောပထိပ်တန်းလိဂ်ငါးခုရဲ့အကောင်းဆုံးအသက်၂၃ နှစ်အောက်ကစားသမားက အီကီတိုက်ပါ။ မက်ဆီလက်သစ်၊ အနာဂတ်Ballon d’or ပိုင်ရှင်ဆိုပြီး အထင်ကြီး နေကြတဲ့ဘာစီလိုနာက ယမားလ်ထက်အီကီတိုက်ရဲ့စွမ်းဆောင်ရည်ပိုကောင်းခဲ့ပါတယ်။

ယမားလ်က ၉ဂိုးသွင်းပြီး၊ ဂိုးဖန်တီးမှု၁၃ ကြိမ်ပြုလုပ်ခဲ့လို့သွင်းဂိုးပါဝင်ပတ်သက်မှု ၂၂ ဂိုးသာရှိပြီး အီကီတိုက် ၂၃ဂိုးရှိခဲ့တာပါ။

အီကီတိုက်က တိုက်စစ်တစ်နေရာတည်းစောင့်ကစားတတ်သူမဟုတ်ဘဲ နေရာစုံရွေ့လျားကစားတတ်ပြီး ပြိုင်ဘက်တွေကို SmartMove တွေနဲ့လှည့်စားနိုင်ပါတယ်။ နည်းစနစ်တန်ဖိုးမြင့်မားတဲ့တိုက်စစ်ကစားသမား။တန်ပြန်တိုက်စစ်ကစားမလား၊ ဘောလုံးပိုင်ဆိုင်မှု ဉီးစားပေးကစားမလား။ အဆင်ပြေအောင် အသုံးတော်ခံနိုင်သူပါ။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။