လိုအပ်တဲ့ ကစားသမားခေါ်ယူမှုတွေ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို မန်ယူအသင်းရဲ့ ဘောလုံးဒါရိုက်တာ ပြောကြား

မန်ယူအသင်းရဲ့ ဘောလုံးဒါရိုက်တာ ဂျေဆင်ဝီလ်ကော့စ်က အသင်းရဲ့ ရေရှည်စီမံကိန်းအတွက် ကစားသမားခေါ်ယူမှုတွေ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ကွန်ညာ၊ အမ်ဘူမို၊ ရှက်ရှကို၊ လမ်မန်းစ်၊ ဒီယေဂိုလီယွန် စတဲ့ကစားသမားသစ်တွေ ခေါ်ယူခဲ့သလို၊ လာမယ့် ဇန်နဝါရီမှာလည်း ထပ်မံအားဖြည့်ဖို စီစဉ်နေပြီး ဝီလ်ကော့စ်ရဲ့စကားက ဇန်နဝါရီစျေးကွက်မှာ ကစားသမားသစ်တွေ ထပ်ခေါ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတချိုက သုံးသပ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ၂၀၂၄ နိုဝင်ဘာမှာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ လက်ရှိနည်းပြ အာမိုရင်မ်လက်ထက်မှာ ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း(၂၅၀)နီးပါး သုံးစွဲထားပြီးဖြစ်ပေမဲ့ လိုအပ်တဲ့ခေါ်ယူမှုတွေ ထပ်မံပြုလုပ်ပေးဖို ရည်ရွယ်ထားတာဖြစ်ပါတယ်။

မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်သုံးပွဲဆက် အနိုင်ရလဒ်နဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတာကြောင့်လည်း ဝီလ်ကော့စ်က အခုလိုပြောကြားခဲ့တာဖြစ်နိုင်ပါတယ်။

”ကျွန်တော်တိုမှာ ရှင်းလင်းပြတ်သားတဲ့ အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို ဘာလုပ်ရမယ်ဆိုတာ၊ အသင်းမှာ ဘယ်နေရာတွေကို တိုးတက်အောင် လုပ်ရမယ်ဆိုတာ ကျွန်တော်တို သိပါတယ်။ ထိပ်ဆုံး(၄)သင်းစာရင်းဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် စဉ်ဆက်မပြတ် စိန်ခေါ်နိုင်ဖို၊ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုတွေ ရယူနိုင်ဖို ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမှာပါ။ အသင်းအတွက် သင့်လျော်တဲ့ကစားသမားတွေကို ခေါ်ယူသွားမှာပါ” လို ဝီလ်ကော့စ်က ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။