ဘရန့်ဖိုဒ်နဲ့ပွဲမှာ ဒီရာသီရဲ့တတိယဝတ်စုံကို မန်ယူအသင်း ပထမဆုံးအကြိမ် ဝတ်ဆင်ကစားမယ်

မန်ယူအသင်းဟာ လာမယ့် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဘရန့်ဖိုဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီရဲ့ တတိယဝတ်စုံကို ပထမဆုံးအကြိမ်အဖြစ် ဝတ်ဆင်ကစားမယ်လို သိရပါတယ်။

မန်ယူအသင်းဟာ လက်ရှိယှဉ်ပြိုင်နေတဲ့ ၂၀၂၅-၂၆ ရာသီမှာ အိမ်ကွင်းဝတ်စုံကို အနီရောင်၊ အဝေးကွင်းဝတ်စုံကို အဖြူရောင်၊ တတိယဝတ်စုံကို အနက်ရောင်အဖြစ် ထုတ်လုပ်ထားပါတယ်။

မန်ယူအသင်းအနေနဲ့ အဖြူရောင်အဝေးကွင်းဝတ်စုံကို ရာသီကြိုကာလမှာသာ ဝတ်ဆင်ခဲ့ပြီး ဒီရာသီ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲနဲ့ လိဂ်ဖလား(၁)ပွဲမှာ အနီရောင် အိမ်ကွင်းဝတ်စုံနဲ့သာ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းရဲ့ ဒီရာသီ တတိယဝတ်စုံဟာ ၁၉၉၃ ကနေ ၁၉၉၅ ခုနှစ်အတွင်း ဝတ်ဆင်ခဲ့တဲ့ အဝေးကွင်းဝတ်စုံကို ပြန်လည်ဆန်းသစ်ဖန်တီးထားတာဖြစ်ပြီး အဲဒီတုန်းက ၁၉၉၃-၉၄ ရာသီမှာ ပရီးမီးယားလိဂ်နဲ့ FA ဖလားနှစ်လုံး ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ဘရန့်ဖိုဒ်နဲ့ပွဲမှာ ဘောင်းဘီနဲ့ ခြေအိတ်ကိုတော့ ပြိုင်ဘက်နဲ့ အရောင်ကွဲစေဖိုအတွက် အနက်ရောင်အစား အဝါရောင်ကို ဝတ်ဆင်သွားမယ်လို သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။