ဗီနီစီယပ်စ် အိုလီဗီယာ UFC 318 နိုင်ပွဲအတွက် သီချင်းသစ် ထုတ်ဝေ


ဗီနီစီယပ်စ် အိုလီဗီယာ (Vinicius Oliveira) ဟာ UFC 318 မှာ ကိုင်လာ ဖီးလစ်ပ်စ် (Kyler Philips) ကို အမှတ်နဲ့ အနိုင်ရပြီးနောက် UFC ပြိုင်ပွဲတွေမှာ ၄-၀ စံချိန်ကို တိုးမြှင့်နိုင်ခဲ့ကာ၊ ၎င်းရဲ့ အောင်ပွဲကို သီချင်းသစ် ထုတ်ဝေပြီး ဂုဏ်ပြုခဲ့ပါတယ်။
Spotify မှာ သီချင်း ၄ ပုဒ် ထုတ်ဝေထားပြီးဖြစ်တဲ့ ဒီ UFC ဘန်တမ်ဝိတ် (bantamweight) တိုက်ခိုက်ရေးသမားဟာ B-Dynamitze နဲ့ Cyber တို့နဲ့ ပူးပေါင်းပြီး “Femonenal” လို့ အမည်ရတဲ့ သီချင်းကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီသီချင်းထဲမှာ “Lokdog” လို့ လူသိများတဲ့ အိုလီဗီယာဟာ သူရဲ့ ကျရှုံးမှုတွေနဲ့ ရုန်းကန်မှုတွေကြားကနေ အားကစားလောကရဲ့ ထိပ်ဆုံးကို ရောက်ရှိလာပုံကို ဂုဏ်ပြုထားပါတယ်။
အိုလီဗီယာဟာ ၂၀၂၅ ခုနှစ်မှာ ဆာယစ် နာမာဂိုမက်ဒေါ့ဗ် (Said Nurmagomedov) နဲ့ ဖီးလစ်ပ်စ်တို့ကို အမှတ်နဲ့ နှစ်ကြိမ်တိုင် အနိုင်ရရှိထားပြီး၊ နောက်ထပ်ပွဲစဉ်တွေအတွက် အူမာ နာမာဂိုမက်ဒေါ့ဗ် (Umar Nurmagomedov) ဒါမှမဟုတ် ရှောင် အိုမေလီ (Sean O’Malley) တို့နဲ့ ထိုးသတ်ဖို့ တောင်းဆိုထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။