ဗန်ဒိုက်ရဲ့ ဂိုး ခွင့်ပြုမခံရတဲ့အပေါ် PGMOL ထံ လီဗာပူးလ် မေးခွန်းထုတ်

ဗန်ဒိုက်ရဲ့ ဂိုး ခွင့်ပြုမခံရတဲ့အပေါ် PGMOL ထံ လီဗာပူးလ် မေးခွန်းထုတ်

လီဗာပူးလ်အသင်းဟာ မန်စီးတီးနဲ့ပွဲမှာ ချေပဂိုးဖြစ်စေမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ဂိုး ခွင့်ပြုမခံရတဲ့အပေါ် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့အစည်း(PGMOL)ထံ ဆက်သွယ်ပြီး မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းက ၁-၀ ဂိုးနဲ့ ဦးဆောင်နေချိန် ၃၈ မိနစ်မှာ ဗန်ဒိုက်က ခေါင်းတိုက်သွင်းခဲ့တာဖြစ်တယ်။

ဒီဂိုးဟာ VAR နဲ့ ပယ်ဖျက်ခံရပြီး အသင်းဖော် ရောဘတ်ဆန်က မန်စီးတီးဂိုးသမား ဒွန်နာရမ်မာ ရှေ့မှာရှိနေကာ လူကျွံတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ လီဗာပူးလ်အသင်းက ဒီဂိုးမှာ လူကျွံနေတဲ့ ရောဘတ်ဆန်ရဲ့သက်ရောက်မှုက အနည်းငယ်သာရှိတယ်လို့ ယူဆခဲ့တာပါ။

လီဗာပူးလ်အနေနဲ့ ဒီဂိုးဟာ လူကျွံဘောဥပဒေ ၁၁ အရ ဂိုးအဖြစ် ခွင့်မပြုဖို့ လုံလောက်တဲ့ စံနှုန်းစံထားမှာ ရှိမနေဘူးလို့ ယုံကြည်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အခုရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ရှစ်နေရာ ရောက်သွားပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ရှစ်မှတ်အထိ ကွာဟနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။