ပေါင် ၁ ဘီလီယံတန် အားကစားဝတ်စုံ စပွန်ဆာ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ Puma နဲ့ ၁၀ နှစ်တာကာလအတွက် ပေါင် တဘီလီယံ (ဒေါ်လာ ၁.၃၄ ဘီလီယံ) တန်ကြေးရှိတဲ့ အားကစားဝတ်စုံ စပွန်ဆာ စာချုပ်သစ်ကြီးကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

စီးတီးရဲ့ Puma နဲ့ စာချုပ်သက်တမ်း တိုးမြှင့်လိုက်တာဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အကြီးဆုံး အားကစားဝတ်စုံ ထုတ်လုပ်ရေး မိတ်ဖက်ပူးပေါင်းမှုပဲဖြစ်ပါတယ်။

ဒီသဘောတူညီမှုမှာ အားကစားဝတ်စုံ၊ စီးတီးအမှတ်တံဆိပ်ပါ အဝတ်အစားများ၊ ဖိနပ်နဲ့ အမျိုးသမီးအမျိုးသားနှစ်သင်းလုံးအတွက် အကျုံးဝင်ပါတယ်။

ဂျာမန်ကုမ္ပဏီနဲ့ ၂၀၁၉ မှာ တနှစ်ကို ပေါင် ၆၅ သန်းတန် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် စီးတီးရဲ့ စာချုပ်သစ်ဟာ ၂၀၃၅ ခုနှစ်အထိ တနှစ်ကို ပေါင် သန်း ၁၀၀ တန်ကြေးရှိတယ်လို ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။

ဒီပမာဏဟာ မန်ချက်စတာယူနိုက်တက်က Adidas နဲ့ ၂၀၂၃ မှာ ချုပ်ဆိုခဲ့တဲ့ တနှစ် ပေါင် သန်း ၉၀ တန် စာချုပ်ကို ကျော်ဖြတ်လိုက်တာဖြစ်ပါတယ်။

စပိန်ထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတိုလည်း တနှစ်ကို ပေါင် သန်း ၁၀၀ ကျော်တန် အားကစားဝတ်စုံစပွန်ဆာ စာချုပ်တွေ ချုပ်ထားတယ်လို သိရပါတယ်။

City Football Group ရဲ့ အမှုဆောင်အရာရှိချုပ် ဖယ်ရန် ဆိုရီယာနိုက “Puma နဲ့ ပူးပေါင်းတုန်းက မိမိတိုကိုယ်ကိုယ် စိန်ခေါ်ပြီးတော့ မျှော်မှန်းထားတာတွေထက် ကျော်လွန်အောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက် ရှိခဲ့တယ်။ ပြီးခဲ့တဲ့ ခြောက်ရာသီအတွင်းမှာ ဒါတွေကို ကျွန်တော်တို ပြည့်မီအောင် လုပ်နိုင်ခဲ့ပြီး ပိုလိုတောင် လုပ်နိုင်ခဲ့တယ်” လို ပြောပါတယ်။

“Puma က ကျွန်တော်တို အဖွဲအစည်းထဲကို ချောချောမွေ့မွေ့ ပေါင်းစပ်ဝင်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းက ပရိသတ်တွေကို ဆွဲဆောင်ရင်း သမိုင်းဝင် အခိုက်အတန့်များစွာကို ကျွန်တော်တို အတူတူ ပျော်ရွှင်ခဲ့ကြတယ်” လိုလည်း သူက ဆိုပါတယ်။

Puma ရဲ့ အမှုဆောင်အရာရှိချုပ် အာသာ ဟိုလ်ကလည်း “Puma နဲ့ မန်ချက်စတာစီးတီးရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကွင်းအတွင်းရော ကွင်းပြင်ပမှာပါ ကြီးမားတဲ့ အောင်မြင်မှုပါပဲ” လို ထပ်ပြောခဲ့ပါတယ်။

“ဆုဖလားတွေ၊ ကျွန်တော်တိုရဲ့ စွမ်းဆောင်ရည်မြင့် ထုတ်ကုန်တွေအတွက် ပြီးပြည့်စုံတဲ့ ကွင်းပြင်ပ အောင်မြင်မှုနဲ့ စီးပွားရေးဆိုင်ရာ အောင်မြင်မှုတွေက ထူးခြားခဲ့တယ်။”

စီးတီးရဲ့ ဒီကြီးမားတဲ့ စာချုပ်ဟာ ၂၀၁၆-၁၇ ရာသီနောက်ပိုင်း ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ကလပ်ရဲ့ ပထမဆုံး ရာသီအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပက် ဂွာဒီယိုလာရဲ့ အသင်းဟာ အရင် လေးရာသီဆက်တိုက် ချန်ပီယံဆု ရခဲ့ပေမဲ့ အခုရာသီမှာတော့ ပရီးမီးယားလိဂ်မှာ တတိယပဲ ရခဲ့ပါတယ်။

သူတိုဟာ FA Cup ဖိုင်နယ်မှာ ခရစ္စတယ်လ်ပဲလေ့စ်ကို အံ့အားသင့်ဖွယ် ရှုးနိမ့်ခဲ့သလို မကြာသေးခင်က ကလပ်ကမ္ဘာ့ဖလားမှာလည်း နောက်ဆုံး ၁၆ သင်းအဆင့်မှာ ဆော်ဒီပရိုလိဂ်က အလ်-ဟီလာလ်ကို ရှုးပြီး ထွက်ခဲ့ရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။