Waldo Cortes-Acosta၊ မျက်လုံး ထိုးခံရပြီးနောက် Ante Delija ကို အကြမ်းဖက် KO ဖြင့် အနိုင်ယူ

စနေနေ့ UFC APEX တွင် ပြုလုပ်ခဲ့သော ပွဲစဉ်၌ Waldo Cortes-Acosta သည် ကြောက်မက်ဖွယ် မျက်လုံး ထိုးခံရခြင်းကို ကျော်လွှားကာ Ante Delija ကို ပထမအချီတွင် ရက်စက်သော ကေအို (Knockout) ဖြင့် အနိုင်ယူခဲ့ပြီး လိုအပ်နေသော အောင်ပွဲကို ရယူသွားခဲ့ပါတယ်

ပွဲစဥ်က ရုတ်ချည်း အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေခဲ့ပါတယ်။ Cortes-Acosta မျက်လုံး ထိုးခံရပြီးနောက် Delija ၏ လက်သီးချက်များ ဆက်တိုက် ကျရောက်လာသဖြင့် ဒိုင်လူကြီး Mark Smith က ဝင်ရောက် ရပ်တန့်ခဲ့ရပါတယ်။ ပွဲကို ခေတ္တရပ်နားခဲ့သော်လည်း ရုပ်သံ ပြန်ကြည့်ရာတွင် Delija ၏ လက်ချောင်းသည် Cortes-Acosta ၏ မျက်လုံးကို ရှင်းလင်းစွာ ထိုးမိခဲ့ကြောင်း၊ ထိုနောက်မှသာ လက်သီးများ ဆက်တိုက် ထိုးသွင်းခဲ့ကြောင်း တွေ့ရှိရပါတယ်။

မျက်လုံး ထိုးခံရမှုကြောင့် Cortes-Acosta သည် သိသိသာသာ နာကျင်ခဲ့သော်လည်း စည်းကမ်းဖောက်ဖျက်မှုကြောင့် နာလန်ထူရန် အချိန်ပေးခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်လိုပါက ခွင့်ပြုခဲ့သည်။ နောက်ဆုံးတွင် သူသည် ပွဲပြန်စရန် ဆုံးဖြတ်ခဲ့ပြီး Cortes-Acosta သည် မာန်အပြည့်ဖြင့် ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

စက္ကန့်ပိုင်းအတွင်းမှာပင် Cortes-Acosta သည် အချိန်ကိုက် အံဝင်ခွင်ကျ ကောင်တာ ညာလက်သီးချက်ကို Delija သို လွှတ်ထုတ်ခဲ့ရာ Delija သည် ကွင်းပြင်ပေါ်သို လဲကျသွားခဲ့သည်။ “Salsa Boy” ဟု အမည်ပြောင်ရသော Cortes-Acosta သည် Delija အား ထပ်မံ ထိခိုက်မှုမှ ကယ်တင်ရန် Smith ဒိုင်လူကြီး ဝင်ရောက်လာသည်အထိ မြေပြင်ပေါ်၌ နောက်ထပ် ထိုးနှက်ချက် အချိုကို ဆက်လက် ထိုးသွင်းခဲ့ပါတယ်။

Cortes-Acosta သည် ပထမအချီ ၃ မိနစ် ၅၉ စက္ကန့်တွင် TKO ဖြင့် အနိုင်ရရှိခဲ့ပြီး ယခု ပွဲသည် ၂၀၂၅ ခုနှစ်၏ ရူးသွပ်ဆုံး ပွဲစဉ်များထဲမှ တစ်ပွဲအဖြစ် သတ်မှတ်ခံရဖွယ် ရှိနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။