UFC ပွဲစဉ်သစ်မှာ ထိပ်တိုက်တွေ့ဆုံကြမယ့် Modestas Bukauskas နဲ့ Nikita Krylov

Light Heavyweight တန်း ကစားသမားတွေဖြစ်တဲ့ Modestas Bukauskas နဲ့ Nikita Krylov တိုဟာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် UFC ပွဲစဉ်မှာ ယှဉ်ပြိုင်ထိုးသတ်သွားဖို ရှိနေပါတယ်။ ဒီပွဲစဉ်ဟာ ၂၀၂၆ ခုနှစ်မှာ စတင်မယ့် Paramount ရုပ်သံနဲ့ လက်တွဲမှုသစ်ရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး နှစ်ဖက် ကစားသမားတွေကြား သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။ လက်ရှိအချိန်မှာတော့ ပွဲကျင်းပမယ့် နေရာကို အတိအကျ သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရပါတယ်။

Bukauskas ဟာ (၄) ပွဲဆက် အနိုင်ရရှိထားပြီး Light Heavyweight တန်းမှာ အဆင့်မြင့်တက်လာအောင် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ မကြာသေးမီက ပါရီမှာ ကျင်းပခဲ့တဲ့ ပွဲစဉ်မှာလည်း Paul Craig ကို ပထမအချီမှာတင် အလဲထိုးပြီး အနိုင်ယူခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ UFC ကို ပြန်လည် ရောက်ရှိလာပြီးနောက်ပိုင်း (၆) ပွဲနိုင် (၁) ပွဲရှုး ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။

Bukauskas နဲ့ ယှဉ်ပြိုင်ရမယ့် Krylov ကတော့ ပွဲသိမ်းကောင်းသူ တစ်ဦးအဖြစ် လူသိများပါတယ်။ သိုသော်လည်း သူဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ (၂) ပွဲဆက်တိုက် ရှုးနိမ့်ထားတာကြောင့် ဒီပွဲမှာ နိုင်ပွဲပြန်လည် ရှာဖွေသွားဖို ပြင်ဆင်နေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။