UFC စတားဟောင်း Sean Strickland ၏ မင်္ဂလာပွဲ အထိမ်းအမှတ် အဖြစ် သေနတ်ပစ်ဖောက်ခြင်း

အငြင်းပွားဖွယ်ရာ UFC Middleweight ချန်ပီယံဟောင်း Sean Strickland သည် ၎င်း၏ရေရှည်လက်တွဲဖော်နှင့် လက်ထပ်မင်္ဂလာပွဲကို ကျင်းပခဲ့ရာ ထုံးစံအတိုင်း ထူးခြားသော နည်းလမ်းဖြင့် ဂုဏ်ပြုခဲ့ပါတယ်

Strickland သည် ၎င်းတိုဇနီးမောင်နှံနှင့် မင်္ဂလာပွဲတက်ရောက်သူများ သေနတ်များ ကိုင်ဆောင်ထားသည့် ဓာတ်ပုံကို “ကောင်းပြီ၊ ကြီးပြင်းဖို အချိန်တန်ပြီလို ထင်ပါတယ်” ဟူသော စာသားနှင့်အတူ အင်စတာဂရမ်တွင် တင်ပြီး ၎င်း၏လက်ထပ်ခြင်းသတင်းကို ကမ္ဘာကို အသိပေးခဲ့ပါတယ်

သိုသော်လည်း ပို၍ ထူးခြားသောအဖြစ်အပျက်မှာ ဗီဒီယိုဖိုင်တွင် ပါရှိသည်။ သေနတ်ကို အလွန်နှစ်သက်သူ Strickland သည် ၎င်း၏ ဇနီးအသစ်နှင့်အတူ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည့် ဇနီးသည်က အလိုအလျောက်ပစ်ခတ်နိုင်သော လက်နက်တစ်မျိုးကို ပစ်ခတ်နေသည့် ဗီဒီယိုဖိုင်ကို ၎င်း၏ Reels တွင် တင်ခဲ့ပြီး ၎င်းတို၏ မင်္ဂလာပွဲကို ဂုဏ်ပြုခဲ့သည်။

Strickland ၏ မင်္ဂလာပွဲအပြီး ဂုဏ်ပြုပုံသည် UFC ပရိသတ်များအကြား အွန်လိုင်းတွင် အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့သည်။ အချိုက ၎င်းတို၏ စတိုင်ကို နှစ်သက်ကြပြီး “Sean Strickland ရဲ့ မင်္ဂလာပွဲက ဒီလိုပဲ ဖြစ်မယ်လို ကျွန်တော် စိတ်ကူးထားခဲ့တာ” ဟု ပြောဆိုခဲ့ကြသော်လည်း၊ အချိုကမူ ထိုလုပ်ရပ်ကို ဝေဖန်ခဲ့ကြပြီး “သေနတ်မပစ်ဘဲ လက်ထပ်လို မရဘူးလား၊ အရမ်းရှက်ဖိုကောင်းလိုက်တာ” ဟု ပြောကြားခဲ့ပါတယ်

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။