UFC ကို Paramount က အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံတန်ဖိုးနဲ့ ဝယ်ယူပြီး Pay-per-view စနစ်ကို ဖျက်သိမ်းမည်

UFC သည် ၎င်း၏အိမ်အသစ်အတွက် အကြီးမားဆုံးသော သဘောတူညီချက်တစ်ခုကို ရရှိခဲ့သည်။

ပြီးခဲ့သည့်တနင်္လာနေ့တွင် UFC မှ Paramount သည် ၂၀၂၆ ခုနှစ်မှစ၍ ၇ နှစ်ကြာသဘောတူညီချက်ဖြင့် အမေရိကန်နိုင်ငံရှိ UFC ပွဲစဉ်များအားလုံးကို သီးသန့်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုသဘောတူညီချက်၏ တန်ဖိုးမှာ တစ်နှစ်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံကျော်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသဘောတူညီချက်အရ UFC သည် လက်ရှိ Pay-per-view စနစ်ကို ဖျက်သိမ်းပြီး ပရီမီယံပွဲစဉ် ၁၃ ခုကို Paramount+ တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ရွေးချယ်ထားသော ပွဲစဉ်အချို့ကိုလည်း CBS ရုပ်သံလိုင်းတွင် တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ထို့အပြင် Fight Nights ပွဲစဉ် ၃၀ ကိုလည်း တစ်နှစ်လျှင် Paramount+ မှ ထုတ်လွှင့်သွားမည်ဖြစ်သည်။

ဤပြောင်းလဲမှုသည် အားကစားပရိသတ်များအတွက် ပွဲစဉ်များကို ပိုမိုလွယ်ကူစွာ ကြည့်ရှုနိုင်စေမည်ဖြစ်ပြီး Paramount+ အတွက်လည်း စာရင်းသွင်းသူအရေအတွက် တိုးတက်လာစေရန် အရေးပါသော တွန်းအားတစ်ခုဖြစ်လာမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Paramount မှ အမေရိကန်ပြင်ပရှိ UFC ထုတ်လွှင့်ခွင့်များကိုလည်း ရရှိနိုင်သည့်အခါ လေ့လာသွားရန် ရည်ရွယ်ထားသည်။

Paramount ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ David Ellison က “UFC လိုမျိုး ကမ္ဘာလုံးဆိုင်ရာ အားကစားအင်အားကြီးအဖွဲ့အစည်းနဲ့ ပူးပေါင်းခွင့်ရတာမျိုးက ရှားပါတယ်။ Paramount ရဲ့အားသာချက်ကတော့ ရုပ်သံလိုင်းနဲ့ Streaming ပလက်ဖောင်းတွေရဲ့ ကျယ်ပြန့်တဲ့ ကွန်ရက်ပါပဲ။ Live Sports တွေဟာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမှာ အဓိကကျပြီး UFC ရဲ့ ပွဲစဉ်တွေကို ထည့်သွင်းနိုင်တာဟာ အောင်မြင်မှုတစ်ခုပါပဲ။ ဒီလိုပရီမီယံအကြောင်းအရာတွေကို အမေရိကန်နိုင်ငံရှိ ပရိသတ်သန်းပေါင်းများစွာနဲ့ အခြားနိုင်ငံတွေကိုလည်း ပြသပေးဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

Paramount သို့ ပြောင်းရွှေ့ခြင်းကြောင့် UFC နှင့် ESPN တို့၏ ၂၀၁၉ ခုနှစ်မှ စတင်ခဲ့သော ဆက်ဆံရေးသည် ၂၀၂၅ ခုနှစ်တွင် တရားဝင်ပြီးဆုံးသွားမည်ဖြစ်သည်။ ESPN နှင့် သဘောတူညီမှုအရ UFC သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ရရှိခဲ့ကြောင်း သိရသည်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။