PFL ချန်ပီယံဟောင်း လာရစ်ဆာ ပါချီကို ဒေါသထွက်နေပြီ- ‘ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ဘူး’

PFL ချန်ပီယံဟောင်း လာရစ်ဆာ ပါချီကို ဒေါသထွက်နေပြီ- ‘ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ဘူး’

PFL ပြိုင်ပွဲမှာ နှစ်ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့တဲ့ Larissa Pacheco ဟာ အခုဆိုရင်တော့ ကုမ္ပဏီရဲ့ ကစားသမားစာရင်းကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး ဒီလိုဖြစ်သွားတဲ့အပေါ် သူမဟာ တော်တော်လေး စိတ်မကောင်းဖြစ်နေပုံပါပဲ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က Pacheco ဟာ သူမရဲ့ Instagram Stories မှာ ဗီဒီယိုတစ်ခု တင်ပြီး PFL ကနေ ထုတ်ပယ်ခံရတာနဲ့ ပတ်သက်လို့ စကားစပြောခဲ့ပါတယ်။ ပွဲကျင်းပဖို့ သဘောတူညီချက်ကို လက်မှတ်ထိုးပြီး လေ့ကျင့်ရေးစခန်း ဝင်နေခဲ့ပေမယ့် PFL က ပွဲကို ဖျက်သိမ်းပြီးနောက် သူမကို အသင်းကနေ ထုတ်ပယ်ခဲ့တာလို့ ဆိုပါတယ်။

“ကျွန်မ လေ့ကျင့်နေခဲ့တာ၊ Camp ထဲမှာလည်း ရောက်နေပြီ။ ဒါပေမဲ့ သူတို့က ပွဲကို Cancel လုပ်လိုက်လို့ Camp ကို ရပ်လိုက်ရတာ။ ကျွန်မမှာ စာချုပ်တွေ ရှိတယ်၊ နောက်ထပ် သိလာမယ့် အရာတွေ အများကြီးရှိတယ်။ ကျွန်မရဲ့ နောက်တစ်လှမ်းကို မကြာခင် သိလာပါလိမ့်မယ်။ အခုတော့ ကျွန်မ အလုပ်ပဲ လုပ်နေပါတယ်၊ ဘုရားသခင်ရဲ့ အစီအမံပဲ ဖြစ်ပါစေ။”

Pacheco ဟာ Lightweight နဲ့ Featherweight ပြိုင်ပွဲတွေမှာ PFL ချန်ပီယံဆု နှစ်ကြိမ် ဆွတ်ခူးဖူးပြီး လက်ရှိ UFC ချန်ပီယံ Kayla Harrison ကိုတောင် အနိုင်ယူခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ Cris Cyborg ကို အမှတ်နဲ့ ရှုံးခဲ့ပြီးနောက်ပိုင်း သူမဟာ ဘာပွဲမှ မထိုးရသေးပါဘူး။

PFL ကနေ ထွက်ခွာရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့ Pacheco ကတော့ လောလောဆယ် အသေးစိတ် မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

“အပြင်မှာ သတင်းတွေ အများကြီး ထွက်နေတယ်။ တချို့ဟာတွေ ပြောလို့ရတယ်၊ တချို့ဟာတွေ မပြောနိုင်သေးဘူး။ ဒါပေမဲ့ PFL ကနေ ထုတ်ပယ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်မက ဘာအမှားမှ မလုပ်ခဲ့ဘူး။ ကျွန်မရဲ့ အပိုင်းကို ကျွန်မ လုပ်ခဲ့ပြီးပါပြီ။ သူတို့က ကျွန်မကို ထုတ်ပယ်တဲ့ အကြောင်းရင်းတွေကို မကြာခင် ပြောပြပါ့မယ်—ဒါဟာ ကျွန်မ အမှားကြောင့် မဟုတ်ဘူး။ ကျွန်မ ဘာလုပ်ရမလဲဆိုတာ လုပ်ခဲ့ပြီးပါပြီ။ အခုတော့… ကျွန်မ လွတ်လပ်သွားပြီ။”

Pacheco (၂၃-၅) ဟာ ၂၀၁၄ နဲ့ ၂၀၁၅ တုန်းက UFC မှာ နှစ်ပွဲ ပါဝင်ခဲ့ဖူးပြီး Jessica Andrade နဲ့ Germaine de Randamie တို့ကို ရှုံးခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာ ဝိတ်တက်လာပြီး ၁၆ ပွဲမှာ ၁၃ ပွဲအနိုင်ရခဲ့ပါတယ်။ သူမရဲ့ အောင်ပွဲတွေထဲမှာ Karol Rosa, Sarah Kaufman နဲ့ Julia Budd တို့ ပါဝင်ခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။