ပြည်တွင်းအခမဲ့ရုပ်သံလိုင်း (Free to Air) ဖြစ်တဲ့ Channel-9 Myanmar ရုပ်သံလိုင်းဟာ ယခင်ပြသနေကျ ONE Friday Fights ပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့် ပြသနေမှုကို ယာယီရပ်နားလိုက်ပြီဖြစ် ကြောင်း သိရပါတယ်။
Channel-9 Myanmar ရုပ်သံလိုင်းဟာ ONE Championship ပရိုမိုးရှင်းက အပတ်စဉ်သောကြာညတိုင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ONE Friday Fights ပြိုင်ပွဲကို ယခင်က အစဉ်အမြဲလိုလို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဒါပေမဲ့ Channel-9 Myanmar ရုပ်သံလိုင်းဟာ ပြီးခဲ့တဲ့တစ်ပတ် ကျင်းပခဲ့တဲ့ ONE Friday Fights 145 ပြိုင်ပွဲကစပြီး တိုက်ရိုက်ထုတ်လွှင့်ပြသမှုကို ယာယီရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Channel-9 Myanmar ရုပ်သံလိုင်းဟာ သောကြာညပိုင်းမှာ ယခင်ပြသနေကျဖြစ်တဲ့ ONE Friday Fights ပြိုင်ပွဲနေရာမှာ The Mask Singer Myanmar Seadon-3 ကို အစားထိုးပြသနေလျက်ရှိကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ အပတ်စဉ်သောကြာညတိုင်း ကျင်းပနေတဲ့ ONE Friday Fights ပြိုင်ပွဲကို မြန်မာနိုင်ငံက မြန်မာ့ရိုးရာလက်ဝှေ့ သမားအများအပြား သွားရောက်ယှဉ်ပြိုင်နေတာကြောင့် Channel-9 Myanmar ရုပ်သံလိုင်းကို ရိုးရာလက်ဝှေ့ပရိသတ် များက အမြဲလိုလို စောင့်ကြည့်လေ့ရှိကြောင်း သိရပါတယ်။