FAဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို ရေးဆွဲခဲ့ပြီး
ပရီးမီးယားလိဂ်အသင်းအချင်းချင်းတွေ့ဆုံမှု နှစ်ပွဲသာ ပါဝင်ခဲ့ပါတယ်။
စတုတ္ထအဆင့်ပွဲစဉ် ၁၆ ပွဲမှာ ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ လီဗာပူးလ်-ဘရိုက်တန်၊
အက်စတွန်ဗီလာ-နယူးကာဆယ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်တယ်။
မန်ယူနိုက်တက်ကို ကျော်ဖြတ်လာတဲ့ ဘရိုက်တန်နဲ့ စပါးကို ကျော်ဖြတ်လာတဲ့ အက်စတွန်ဗီလာတို့
ပွဲကျပ် ထပ်မံရင်ဆိုင်ခဲ့ရတာပါ။
ပဲလေ့စ်ကို အနိုင်ယူခဲ့တဲ့ Non-League ကလပ်
မက်ကယ်စဖီးလ်ကတော့ ဘရန့်ဖို့ဒ်အသင်းနဲ့
တွေ့ဆုံခဲ့ပါတယ်။
အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီးအသင်းတွေကတော့ အောက်တန်းအသင်းတွေနဲ့သာ ကစားရ
ပါလိမ့်မယ်။
ဒီပွဲစဉ်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်ကနေ ၁၆ ရက်အတွင်း ကစားမှာဖြစ်ပါတယ်။