အာဆင်နယ် ၂-၃ မန်ယူပွဲမှာ အသုံးပြုခဲ့တဲ့ဘောလုံးကို ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက တရုတ်သမ္မတ ရှီကျင့်ဖျင်ကို လက်ဆောင်ပေးအပ်

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာဟာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး ထွက်ခွာခဲ့ရာမှာ အာဆင်နယ် ၂-၃ မန်ယူပွဲမှာ အသုံးပြုခဲ့တဲ့ဘောလုံးကို ယူဆောင်လာခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက အာဆင်နယ်အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တစ်ယောက်ဖြစ်တာကြောင့် နှစ်သင်းဆုံတွေ့တဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ဘောလုံးကို သံတမန်လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

မန်ယူနဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အစဉ်အလာပြိုင်ဘက်တွေဖြစ်ပြီး တနင်္ဂနွေနေ့က ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာတော့ မန်ယူအသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းကို အဝေးကွင်းမှာ (၃-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

ဒါကြောင့် မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ပိုရှိလာခဲ့ပြီး အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဖိအားမြင့်တက်သွားခဲ့ကြောင်း သိရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ မန်စီးတီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကိုလည်း စိတ်ဝင်စားကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။