ဝက်စ်ဟမ်းကွင်းလယ်လူ ပါကေတာကို ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းထံ ပေါင် ၃၅.၅ သန်းနဲ့ အပြီး
သတ်ပြောင်းရွှေ့ခဲ့ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ပါကေတာ(၂၈ နှစ်)ဟာ ဖလာမင်ဂိုအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူပါ။
ဝက်စ်ဟမ်းအသင်းက ပါကေတာကို ရာသီကုန်အထိ အငှားပြန်ခေါ်ယူဖို့ ဆန္ဒရှိပေမဲ့ ဖလာမင်ဂိုဘက်က
ငြင်းဆန်ခဲ့တာဖြစ်တယ်။
ပါကေတာဟာ ဖလာမင်ဂိုအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။
ပါကေတာနဲ့ ဝက်စ်ဟမ်းအသင်းစာချုပ်ဟာ ၁၈ လသာကျန်တော့လို့ ရောင်းချခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
၎င်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ၁၈ ပွဲ ကစားခဲ့ပြီး လေးဂိုး သွင်းခဲ့ပါတယ်။
ပါကေတာအနေနဲ့ ၂၀၂၂ ခုနှစ်က လိုင်ယွန်အသင်းကနေ ရောက်ရှိလာပြီး ၁၃၉ ပွဲကစား ၂၃ ဂိုးသွင်းကာ
၁၅ ဂိုး ဖန်တီးခဲ့ပါတယ်။