လက်ရှိရာသီချန်ပီယံလိဂ် League Phase ပွဲစဉ်တွေ ပြီးဆုံးချိန်မှာ ပရီးမီးယားလိဂ်အသင်းငါးသင်းက
တိုက်ရိုက်နောက်တစ်ဆင့်တက်ရောက်ခွင့်ရမယ့်
ထိပ်ဆုံး ၈ သင်းထဲ ပါဝင်ခဲ့ပါတယ်။
ရှုံးထွက် ၁၆ သင်းအဆင့်ကို အာဆင်နယ်၊ လီဗာပူးလ်၊ စပါး၊
မန်စီးတီး၊ ချယ်လ်ဆီးအသင်းတွေ တိုက်ရိုက်တက်ရောက်ခဲ့ပြီး
နယူးကာဆယ်အသင်းတစ်သင်းသာ ထိပ်ဆုံး ၈ သင်းအပြင်ဘက်ရောက်ပြီး Play off ကစားရမှာဖြစ်ပါတယ်။
ရှုံးထွက်အဆင့်မှာ ပရီးမီးယားလိဂ်အသင်းတွေ
ဆုံတွေ့နိုင်မယ့် ပြိုင်ဘက်အသင်းတွေကို
ဖော်ပြလိုက်ပါတယ်။