ရှီယာကိုဟန်နဲ့ပွဲမှာ ဘရော်နီကာ ဘယ်လိုဗျူဟာသုံးသင့်လဲ

ဘရော်နီကာက လာမယ့်ဖေဖော်ဝါရီလ ၂၀ ရက်မှာ

အသက် ၂၅ နှစ်အရွယ်

အစ္စရေးဖိုက်တာ ရှီယာကိုဟန်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရပါမယ်။ ဘရော်နီကာအတွက် ONE ကစားသမားဘဝလေးပွဲမြောက်ဖြစ်ပြီး ချန်ပီယံခါးပတ် စိန်ခေါ် ခွင့်အတွက်

အရေးကြီးတဲ့ပွဲလည်းဖြစ်ပါတယ်။

ရှီယာကိုဟန်က ဘရော်နီကာလိုပဲ လက်သီးအားပြုကစားပါတယ်။ ဘရော်နီကာရဲ့လက်သီးကပါဝါပြင်းထန်ပြီး

ရှီယာကိုဟန်က လက်သီးထွက်တာမြန်ပါတယ်။

ဘရော်နီကာက နောက်ဆုံးပွဲမှာကစ်ဘောက်ဆင်သမား

လီမင်ယူနဲ့ဆုံခဲ့သလို၊ အခုလည်း ကစ်ဘောက်ဆင်သမား

ရှီယာကိုဟန်နဲ့ ထပ်ပြီးထိုးသတ်ရမှာပါ။

ရှီယာကိုဟန်ကအမြန်နှုန်းကောင်းမွန်ပြီး လက်သီးတွဲလုံးတွေ ခြေကန်ချက်တွေ ပေါင်းစပ်က ပြိုင်ဘက် ကို အဆက်မပြတ်ဖိအားပေးတတ်ပါတယ်။

သူ့ရဲ့ အဓိကဗျုဟာ က Ring control လုပ်ပြီး သူ့ရဲ့အရှိန်ကိုဟန်ချက်ညီအောင် ထိန်းသိမ်းကစားတာဖြစ်တယ်။

Fairtex ကဖိုက်တာဖြစ်လို့လည်း နည်းစနစ်ပိုင်းပိုင်နိုင်ပါတယ်။

ဘရော်နီကာအနေနဲ့အခုလိုမျိုး ပြိုင်ဘက်ကို

နည်းစနစ်ပိုင်းအားပြိုင်ပြီးကစားမလား။

Ring Control မလုပ်နိုင်အောင် အပူးအချုပ်တွေနဲ့

ဖိအားပြန်ပေးမလား ဆုံးဖြတ်ရပါမယ်။

ရှီယာကိုဟန်ရဲ့ဖြောင့်လက်သီးချက်တွေကိုလည်း

ဘရော်နီကာသတိထားရပါမယ်။

ရိုးရာလက်ဝှေ့ကနေ လာတဲ့ဖိုက်တာအများစုက

Guard မလုံကြပါဘူး။ အဲဒီအားနည်းချက်ကြောင့်

သံမဏိစိုးလင်းဉီးလည်း အရည်ပျော်ကျခဲ့ပြီးပြီ။

ဘရော်နီကာလည်း ရှီယာကိုဟန်ရဲ့လက်သီးတွဲလုံးတွေကို

Guard လုံအောင်မကာနိုင်ရင် ဒုက္ခများနိုင်တယ်။

အကွာအဝေးထိန်းကစားမယ့် ရှီယာကိုဟန်ကို

ဘရော်နီကာဘက်က အပူးအချုပ်တွေနဲ့ကောင်းကောင်းတုံ့ပြန်နိုင်ဖို့ အရေးကြီးပါတယ်။ ဒူး၊တံတောင်တွေထုတ်သုံးနိုင်အောင်လည်း ပြင်ဆင်ထားရမယ်။

ရှီယာကိုဟန်က ဘရော်နီကာထက် ငယ်ရွယ်သူဖြစ်လို့

Aggressive striking game ကစားပါလိမ့်မယ်။

သူ့ရဲ့ အမြန်နှုန်းနဲ့ Footwork က ဘရော်နီကာသက်လုံကျသွားအောင် ဖိအားပေးနိုင်ပါတယ်။

ဘရော်နီကာရဲ့ONE ကစားသမားဘဝပထမဆုံးပွဲမှာ

ချီလီဖိုက်တာ ဗီရာကိုရှုံးခဲ့တာ သက်လုံကျသွားလို့ဖြစ်ပါ

တယ်။ ပထမအချီနဲ့ ဒုတိယအချီ အစောပိုင်းတွေမှာ

ရှီယာကိုဟန်ကို ဖိအားကောင်းကောင်းမပေးနိုင်ရင်

ဘရော်နီကာအတွက် မလွယ်ကူတဲ့ပွဲဖြစ်လာနိုင်ပါတယ်။

ဘရော်နီကာက လီမင်ယူနဲ့ပွဲမှာ ကစ်ဘောက်ဆင်သမားကိုဘယ်လိုအနိုင်ယူရမလဲဆိုတာ နားလည်ထားပေမယ့်

ရှီယာကိုဟန်က လီမင်ယူလိုမျိုးBoxing တစ်ခုတည်း အားသာသူမဟုတ်ပါဘူး။ မွေထိုင်းနဲ့ Boxing ပေါင်းစပ်ကစားနိုင်သူဖြစ်လို့ ဘရော်နီကာအတွက်ခက်ခဲမယ့်ပြိုင်ဘက် ဖြစ်ပါတယ်။

ရှီယာကိုဟန်က ဘရော်နီကာONE မှာ ရင်ဆိုင်ခဲ့တဲ့ပြိုင်ဘက်တွေနဲ့မတူကွဲပြားခြားနားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ရှီယာကိုဟန်က ချန်ပီယံ စိန်ခေါ်ပွဲထိုးသတ်ခွင့်ရတဲ့အထိ ပေါက်မြောက်ခဲ့တယ်။

အယ်လစ်စီယာရိုဒရီဂွက်ဇ်နဲ့ ၂၀၂၅ ခုနှစ်ဇွန်လအတွင်း

ထိုးဖို့စီစဉ်ခဲ့ပေမယ့် ဒဏ်ရာရသွားလို့ ရှီယာကိုဟန်

ခဲလေသမျှသဲရေကျ ဖြစ်ခဲ့ရတယ်။

အစ္စရေးရဲ့စ-စ်မက်အခြေအနေတွေကလည်း

ရှီယာကိုဟန်ရဲ့ဖိုက်တာဘဝကိုသက်ရောက်မှုကြီးမားခဲ့ပါတယ်။ သူ့ရဲ့မိသားစုအခြေအနေကြောင့်

ပြင်ဆင်မှုအပိုင်း ထိခိုက်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ၂၀၂၅ ခုနှစ်တစ်နှစ်လုံး ရှီယာကိုဟန်ပွဲမထိုးခဲ့ရဘဲတိတ်ဆိတ်နေခဲ့ရတယ်။

ရှီယာကိုဟန်က ၂၀၂၄ ခုနှစ်အတွင်းထိုးခဲ့တဲ့သုံးပွဲစလုံးအနိုင်ရပြီး အယ်လစ်စီယာရိုဒရီဂွက်ဇ်နဲ့ ချန်ပီယံ စိန်ခေါ် ပွဲထိုးသတ်ခွင့်ရခဲ့တာပါ။ အခုဘရော်နီကာနဲ့ ပွဲက

ရှီယာကိုဟန်ရဲ့ချန်ပီယံခါးပတ်မျှော်လင့်ချက်အတွက်

အသစ်ကပြန်စရမယ့်ပွဲ ဖြစ်ပါတယ်။ ဘရော်နီကာက

ရှီယာကိုဟန်ပထမဆုံးကျော်ဖြတိရမယ့်အဟန့််အတား

ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အောက်တိုဘာလအတွင်းမှာ နောက်ဆုံးပွဲထိုးခဲ့တဲ့ ရှီယာကိုဟန်ရဲ့စွမ်းရည်က ဘယ်လိုဖြစ်နေမလဲဆိုတာ ခန့်မှန်းရခက်ပေမယ့် အရင်လိုမျိုး လျင်မြန်တဲ့

Boxing Style လက်သီးတွဲလုံးတွေက အဓိကလက်နက်ဖြစ်လာနိုင်ပါတယ်။ အခုပွဲက ချန်ပီယံခါးပတ် လမ်းကြောင်းအတွက်အရေးကြီးတဲ့ပွဲဖြစ်လို့

အမိုက်စားပွဲဖြစ်လာမှာ သေချာနေတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။