မိုက်ကယ်ကာရစ်နဲ့ မန်ယူအသစ်

မိုက်ကယ်ကာရစ်က လက်ရှိစွမ်းရည်ကို ဆက်လက်ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရဉီးမှာဖြစ်ပေမယ့်

ပထမဆုံးသုံးပွဲမှာတော့ ဂုဏ်ထူးမှတ်ထွက်ခဲ့ပြီ။

မန်စီးတီး၊ အာဆင်နယ်၊ ဖူလ်ဟမ်အသင်းတွေကို

ဆက်တိုက်အနိုင်ယူပြီး မိုက်ကယ်ကာရစ်က

မန်ယူကို အသစ်ဖန်ဆင်းပြထားတယ်။

မိုက်ကယ်ကာရစ်ရဲ့မန်ယူအသင်းက

တိုက်ပွဲဝင်စိတ်ဓာတ်ပြင်းထန်လာတယ်။

တိုက်စစ်ကစားပုံထက်မြက်လာတယ်။

မိန်နူးကြောင့်မန်ယူအသင်းကွင်းလယ်ပြန်ပြီးတည်ငြိမ်လာတယ်။ Final third Zone ထဲနေရာလွတ်တွေပြန်ရလာပါတယ်။

အာမိုရင်မ်ရာထူးကထုတ်ပယ်ခံရပြီးနောက်

မန်ယူနည်းပြရာထူးအတွက် မိုက်ကယ်ကာရစ်က

ရေပန်းအစားဆုံး မဟုတ်ခဲ့ပါဘူး။

ဆိုးလ်ရှား၊ ဂလက်စ်နာတို့က မန်ယူနည်းပြရာထူးအတွက်

ပိုပြီးနီးစပ်ခဲ့တယ်။

ဒါပေမဲ့ မန်ယူအသင်းဘုတ်အဖွဲ့က မိုက်ကယ်ကာရစ်ကို

ယုံကြည်စိတ်ရဲခဲ့တယ်။ မန်ယူရဲ့အနာဂတ်ကို

ဖန်ဆင်းခွင့်ပေးခဲ့ပါတယ်။

မန်ယူအသင်းဘုတ်အဖွဲ့ရဲ့ယုံကြည်စိတ်ကို

မိုက်ကယ်ကာရစ်အလွဲသုံးစားမလုပ်ခဲ့ပါဘူး။

မှန်ကန်တဲ့ခေါင်းဆောင်မှုအရည်အသွေးနဲ့

မန်ယူကို အမှောင်ထဲကနေဆွဲထုတ်ခဲ့တယ်။

မိုက်ကယ်ကာရစ်က မန်ယူရဲ့ရိုးရာလေးယောက်တန်းကစားပုံကိုပြန်ပြီးအသုံးပြုခဲ့တယ်။ တောင်ပံတိုက်စစ်တွေကိုအားကောင်းအောင် စီမံခဲ့တယ်။ ဒီလိုနဲ့ပဲ

မိုက်ကယ်ကာရစ်လက်ထဲမှာ မန်ယူက နတ်ရေကန်ထဲ

ပစ်ချလိုက်သလို သစ်လွင်ထက်မြက်လာတယ်။

ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနှစ်သင်းဖြစ်တဲ့

အာဆင်နယ်နဲ့ မန်စီးတီးကို အနိုင်ယူခဲ့ပါတယ်။

အဲဒီနှစ်ပွဲမှာ မန်ယူအသင်းရဲ့စွမ်းဆောင်ရည်က

အတော်လေးချီးကျူးစရာဖြစ်ခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ မန်ယူက လိုအပ်ချက်တချို့ရှိခဲ့ပြီးနောက်ဆုံးအချိန်အထိနိုင်ပွဲရအောင် ရုန်းကန်ခဲ့ရပေမယ့်

သုံးပွဲဆက်အောင်ပွဲပိုင်ဆိုင်ခဲ့ပါတယ်။

မိုက်ကယ်ကာရစ်က မန်ယူကစားသမားဘဝ ၁၂ နှစ်တာသက်တမ်းအတွင်း ပရီးမီးယားလိဂ်ငါးကြိမ်၊

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလားအပါအဝင်အောင်ပွဲများစွာရပေမယ့်

သိပ်ပြီးအသိအမှတ်ပြုမခံရဘူး။.ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို တစ်ကြိမ်မှမရခဲ့သလို၊ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး

အသင်းမှာလည်း တစ်ခါပဲပါခဲ့ဖူးတယ်။

ပြောရရင် မိုက်ကယ်ကာရစ်က ဘယ်တုန်းကမှ

အထင်ကြီးခံရသူမဟုတ်ဘူး။

မန်ယူအသင်းပရိသတ်တွေအတွက်

ဖရိုဖရဲကာလတွေ၊ ဆုဖလားလက်မဲ့ကာလတွေမှာ ဝမ်းနည်းစရာကောင်းလွန်းပါတယ်။ မိုက်ကယ်ကာရစ်လက်ထက်ကျမှ အခုလိုမှော်ဆန်ဆန် နိုင်ပွဲတွေပြန်ရလာပြီးအဲဒီနိုင်ပွဲတွေကပဲ

ဘယ်တော့မှအချစ်မပေါ့အောင် ဖမ်းစားနေတာပါ။

ကရုဏာဒေါသနဲ့ ဆဲဆိုမိချိန်တွေ ရှိပေမဲ့

မန်ယူအသင်းပရိသတ်တွေက သူတို့အသင်းကို

ဘယ်တော့မှ မေတ္တာမပျက်ခဲ့ပါဘူး။

အခု မိုက်ကယ်ကာရစ်နဲ့အတူ စိမ်းလန်းစိုပြေနေ့တွေဆီ

မန်ယူ ပြန်လည် တိုးဝင်လာပါပြီ။

ခေတ်သစ်မဟုတ်သေးလည်း တည်ငြိမ်တဲ့ကာလကို

မျှော်ကြည့်ခွင့်ရပါပြီ။

ွမန်ယူက လမ်းကြောင်းမှန် ပေါ် ပြန်ရောက်လာပါပြီ။

ကစားသမားတွေကို တွန်းအားပေးပြီး၊

ထိပ်တန်းအဆင့်ရောက်အောင် မိုက်ကယ်ကာရစ်

ရည်ရွယ်ထားပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အဆင့် ၄ နေရာ

သိမ်းပိုက်နိုင်မလား စောင့်ကြည့်ရမယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။