ဖူလ်ဟမ်အသင်းဟာ မန်စီးတီးအသင်းက နော်ဝေတောင်ပံကစားသမား အော်စကာဘော့ဘ်ကို ပေါင် ၂၇ သန်းနဲ့
ခေါ်ယူခဲ့ပါတယ်။
ဘော့ဘ်ရဲ့ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းရှိတယ်လို့ BBC Sport က ဖော်ပြခဲ့ပါတယ်။
ဘော့ဘ်ဟာ ဖူလ်ဟမ်အသင်းနဲ့ ငါးနှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။
၎င်းဟာ ဖူလ်ဟမ်ကိုပြောင်းရွှေ့ဖို့ အသင်းကွင်းလယ်လူနဲ့ လက်ရွေးစင်အသင်းဖော် ဆန်ဒယ်ဘာ့ဂ်နဲ့
တိုင်ပင်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
မန်စီးတီးအကယ်ဒမီထွက် ဘော့ဘ်ဟာ အသင်းကြီးအတွက် ၄၇ ပွဲကစားခဲ့ရာ သုံးဂိုးသွင်းပြီး လေးဂိုးဖန်တီး
ခဲ့ပါတယ်။
ဘော့ဘ်ရဲ့အနာဂတ်အပြောင်းအရွှေ့ကနေ မန်စီးတီးက ၂၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး သတ်မှတ်နှုန်းထား
တစ်ခုနဲ့ ပြန်လည်ခေါ်ယူခွင့်လည်း ပါဝင်ပါတယ်။