ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းထံ

လင်ဂတ် ပြောင်းရွှေ့

အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းထံ ပြောင်းရွှေ့ခဲ့

ပါတယ်။

လင်ဂတ်(၃၃ နှစ်)ဟာ ကိုရင်သီယန်အသင်းနဲ့ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။

ဒါပေမဲ့ စာချုပ်ပါအချက်အလက်အတိုင်း စွမ်းဆောင်နိုင်ခဲ့ရင် အလိုအလျောက် တစ်နှစ် သက်တမ်းတိုးပါလိမ့်မယ်။

လင်ဂတ်အနေနဲ့ ကျောနံပါတ် ၇၇ ဝတ်ဆင်ကစားမှာဖြစ်တယ်။

လင်ဂတ်ဟာ ကေဇင်ရစ်ချတ်စ်ပြီးနောက် ကိုရင်သီယန်ကို ရောက်လာတဲ့ ဒုတိယမြောက် အင်္ဂလိဂ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၎င်းအနေနဲ့ အသင်းလက်ရှိလူစာရင်းမှာ ခုနစ်ဦးမြောက် နိုင်ငံခြားသားကစားသမား ဖြစ်လာပြီး ယူနိုက်တက်အသင်းဖော်ဟောင်း ဒီပိုင်းနဲ့

ပြန်လည်ဆုံစည်းခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။