ဂျိုရှုအာဗန်နဲ့ပွဲအတွက် မစောင့်နိုင်ဖြစ်နေပြီလို့ တက်ဆူရိုတိုင်ရာ ဆို

ဂျပန် MMA ဖိုက်တာ တက်ဆူရိုတိုင်ရာက ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့

ထိုးသတ်ရမယ့်ပွဲအတွက် မစောင့်နိုင်တော့အောင်ဖြစ်နေပြီလို့ သူ့ရဲ့ Instsgram ကနေ ပြောကြား

ခဲ့ပါတယ်။

တက်ဆူရိုတိုင်ရာက” ကျွန်တော် ဂျိုရှုအာဗန်နဲ့

ထိုးသတ်ရမယ့်ပွဲအပေါ် အာရုံအပြည့်စိုက်ထား

ပါတယ်။ သူနဲ့ ထိုးသတ်ရမယ့်ပွဲအပေါ် မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ” ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာတို့ရဲ့ တွဲဆိုင်းကို UFC- 327 ပြိုင်ပွဲမှာ ထည့်သွင်းကျင်းပမှာ

ဖြစ်ပါတယ်။

UFC ပရိုမိုးရှင်းဟာ UFC- 327 ပြိုင်ပွဲကို လာမယ့်ဧပြီ (၁၁) ရက်မှာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့ရှိ ကာဆာရာစင်တာမှာ ကျင်းပပြုလုပ်သွားဖို့ စီစဥ်ထားပါတယ်။

လက်ရှိမှာ UFC ပရိုမိုးရှင်းဘက်က UFC-327 ပြိုင်ပွဲနဲ့ ပတ်သက်လို့ Fight Card တွေအားလုံးကို တရားဝင်ချပြသေးခြင်း မရှိပေမဲ့ ဂျိုရှုအာဗန်နဲ့ တက်ဆူရိုတိုင်ရာတို့ရဲ့ တွဲဆိုင်းကိုတော့ တရားဝင် ချပြထားပြီးဖြစ်ပါတယ်။

ဒီပွဲဟာ ဂျိုရှုအာဗန်ရဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲဖြစ်တာကြောင့် လာမယ့် UFC- 327 ပြိုင်ပွဲမှာ Co- Main Event အဖြစ် ပါဝင်လာဖွယ်ရှိနေပါတယ်။

ဂျိုရှုအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလဆန်းတုန်းက UFC- 323 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ဘရာဇီးဖိုက်တာ ပန်တိုဂျာနဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိပြီး ချန်ပီယံခါးပတ်ကို ရရှိထားသူဖြစ်ပါတယ်။

ဒါကြောင့် ဂျိုရှုအာဗန်ဟာ သူရရှိထားတဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲကို ဧပြီမှာ ပထမဆုံးထိုးသတ်ရတာဖြစ်ပါတယ်။

အဲဒီ UFC- 323 ပြိုင်ပွဲ ဖလိုင်းဝိတ်တန်းမှာ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကလည်း မက္ကဆီကိုဖိုက်တာ ဘရန်ဒန်မိုရီနိုကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူပြခဲ့ပါတယ်။

အဲဒီပြိုင်ပွဲအပြီးမှာ UFC ပရိုမိုးရှင်းရဲ့ ဥက္ကဌနဲ့ CEO ဖြစ်သူ ဒေနာဝှိုက်က ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လာမယ့်ဧပြီလအတွင်း စီစဥ်ပေးမယ်ဆိုပြီး ပြောကြားထား

ခဲ့တဲ့ ကတိစကားရှိပါတယ်။

ဒါကြောင့် လာမယ့်ဧပြီ (၁၁) ရက်မှာ ကျင်းပမယ့် UFC- 327 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ဂျိုရှုအာဗန်နဲ့ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာတို့ပွဲကို UFC ပရိုမိုးရှင်းက စီစဥ်ပေးခဲ့တာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။