မန်ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ကာရစ်အပေါ် တိုက်ခိုက်လိုစိတ်မရှိခဲ့ကြောင်း ရှင်းလင်းခဲ့ပါတယ်။
စခိုးလ်က နယူးကာဆယ်ကို အရေးနိမ့်ပြီး သူ့ရဲ့လူမှုကွန်ရက်မှာ Post တင်မှုထဲ ဆဲရေးတိုင်းထွာတဲ့ အသုံးအနှုန်းတွေ ပါဝင်ခဲ့တာပါ။
ယူနိုက်တက်နောက်ခံလူဟောင်း အဲဗရာကတော့ ပေါလ်စခိုးလ်ရဲ့လူမှုကွန်ရက် Hack ခံရဖို့ မျှော်လင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ပေါလ်စခိုးလ်က ဒီအကြောင်းကို မန်ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဝက်စ်ဘရောင်း၊ နစ်ကီဘတ်တို့နဲ့ ပြုလုပ်တဲ့ The Good, The Bad & The Football podcast မှာ ပြောခဲ့တာဖြစ်တယ်။
”မိုက်ကယ်ကို တိုက်ခိုက်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ မိုက်ကယ်က ဘောလုံးမှာ တွေဖူးသမျှသူတွေထဲမှာ နှစ်လိုဖွယ်ကောင်းတဲ့ သူတစ်ယောက်ပါ။ သူဟာ ကျွန်တော် နစ်နာစေမိတဲ့ နောက်ဆုံးလူလည်း ဖြစ်မှာပါ။
ဘာပဲဖြစ်ဖြစ် မိုက်ကယ်ထံ ကျွန်တော် မက်ဆေ့ချ် ပို့ခဲ့ပါတယ်။ သူ့ထံကိုလည်း တိုက်ရိုက်သွားပြီး ပြောပြီးပါပြီ”လို့ ပေါလ်စခိုးလ်က ပြောခဲ့ပါတယ်။
ပေါလ်စခိုးလ်နဲ့ ကာရစ်ဟာ မန်ယူနိုက်တက်အသင်းမှာ ခုနစ်ကြာ အတူတွဲကစားခဲ့တာဖြစ်တယ်။
၎င်းတို့နှစ်ဦးအနေနဲ့ ပရီးမီးယားလိဂ်ဖလား လေးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်ကို အတူတကွ ရယူခဲ့ဖူးပါတယ်။