ဘရိုက်တန်တောင်ပံတိုက်စစ်ကစားသမား မီတိုမာဟာ ပရီးမီးယားလိဂ် ပွဲ ၁၀၀ ပြည့်တဲ့ တတိယမြောက် ဂျပန်ကစားသမားအဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။
၎င်းဟာ ဘုန်းမောက်နဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ပွဲထွက်ကစားပြီး အခုမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။
မီတိုမာထက် ဆောက်သမ်တန်နောက်ခံလူဟောင်း ယိုရှီဒါက ၁၅၄ ပွဲ၊ လက်စတာတိုက်စစ်မှူးဟောင်း
အိုကာဇာကီက ၁၁၄ ပွဲ ပိုကစားခဲ့ပါတယ်။
အိုကာဇာကီဟာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တဲ့ တစ်ဦးတည်းသော ဂျပန်ကစားသမားလည်း
ဖြစ်ပါတယ်။
မီတိုမာအနေနဲ့ ပရီးမီးယားလိဂ် ပွဲ ၁၀၀ မှာ ၇၆ ပွဲကို ပွဲထွက်ကစားခဲ့ပြီး ၂၄ ပွဲကို လူစားဝင်ကစားခဲ့တာပါ။
၎င်းဟာ ၂၀၂၁ ခုနှစ်က ဂျပန်ကလပ် ကာဝါဆာကီဖရွန်တေးအသင်းကနေ ဘရိုက်တန်အသင်းထံ ပြောင်းရွှေ့
ကြေး ပေါင် ၂.၇ သန်းနဲ့ ရောက်ရှိလာပြီး ၂၀၂၁-၂၂ ရာသီမှာတော့ ဘယ်လ်ဂျီယံကလပ် ဆန်လွိုက်ဆီအသင်းမှာ
တစ်ရာသီ အငှားကစားခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ပွဲ ၁၀၀ မှာ ၎င်းက ၂၂ ဂိုးအထိ သွင်းယူခဲ့ပါတယ်။