Frankie Edgar ၏ ပြန်လည်ယှဉ်ပြိုင်မည့် အစီအစဉ် BKFC 82 မှ ဆေးဘက်ဆိုင်ရာ အကြောင်းများဖြင့် ဖယ်ရှားခံရ

UFC ဒဏ္ဍာရီဟောင်း Frankie Edgar သည် Bare Knuckle Fighting Championship (BKFC) 82 ၌ အနားယူရာမှ ပြန်လည်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲမတိုင်မီ ဗုဒ္ဓဟူးနေ့တွင် ပါဝင်ခွင့်မရဘဲ ဖယ်ရှားခံခဲ့ရသည်။ မူလက Edgar သည် စနေနေ့ပွဲတွင် UFC မှ ဝါရင့်ဖိုက်တာဟောင်း Jimmie Rivera နှင့် ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

BKFC ၏ ဥက္ကဋ္ဌ David Feldman က ဆေးဘက်ဆိုင်ရာ အရာရှိနှင့် ထပ်မံသုံးသပ်ပြီးနောက် ပြိုင်ပွဲမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ Edgar အနေဖြင့် အနာဂတ်တွင် BKFC ၌ ပါဝင်နိုင်ဖွယ်ရှိသော်လည်း ယခုစနေနေ့ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း Feldman က ပြောကြားခဲ့သည်။

“ကျွန်တော်တိုရဲ့ အဓိက ဆေးဘက်ဆိုင်ရာ အရာရှိနဲ့ ထပ်မံသုံးသပ်ပြီးနောက် Frankie Edgar ဟာ ဒီစနေနေ့မှာ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလို ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့အနာဂတ် ဘယ်လိုဖြစ်မလဲဆိုတာကို စဥ်းစားသွားမှာဖြစ်ပေမယ့် ဒီစနေနေ့မှာတော့ သူယှဉ်ပြိုင်မှာ မဟုတ်ပါဘူး” ဟု Feldman က ပြောကြားခဲ့သည်။

မူလပြိုင်ဘက် Edgar ဖယ်ရှားခံရသော်လည်း Jimmie Rivera သည် ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်ရန် မျှော်လင့်ရပြီး အစားထိုးပြိုင်ဘက်အဖြစ် Timmy Mason နှင့် ထိုးသတ်မည်ဖြစ်သည်။

အနားယူမှုမှ ပြန်လာရန် စိတ်အားထက်သန်ခဲ့သော Edgar
နယူးဂျာစီဇာတိဖြစ်ပြီး UFC Lightweight ချန်ပီယံဟောင်း Edgar သည် ၂၀၂၂ ခုနှစ်တွင် နောက်ဆုံး UFC ပွဲမတိုင်မီ အနားယူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ သူသည် သုံးကြိမ်ဆက်တိုက် knockout ဖြင့် ရှုးနိမ့်ခဲ့ပြီးနောက် အနားယူခဲ့ကာ ထိုအချိန်မှစ၍ အားကစားရုံဖွင့်လှစ်ပြီး အခြားဖိုက်တာများကို နည်းပြအဖြစ် ကူညီပေးခဲ့သည်။

BKFC က နယူးဂျာစီတွင် ပွဲကျင်းပရန် စီစဉ်သည့်အခါ Edgar ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး သူ၏ သူငယ်ချင်းများ၊ မိသားစုများက ပြန်လာထိုးသတ်ခြင်းကို စိုးရိမ်ပူပန်မှုများ ပြသခဲ့သော်လည်း စနေနေ့တွင် ပြန်လည်ယှဉ်ပြိုင်ရန် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီလိုလုပ်ဖို ကျွန်တော့်ဇနီးကလည်း နည်းနည်းစိုးရိမ်ခဲ့တယ်” ဟု Edgar က စက်တင်ဘာလတွင် MMA Fighting သို ပြောကြားခဲ့သည်။ “ကျွန်တော် ဒါကို အချိန်အကြာကြီး လုပ်ခဲ့တာမို လက်လျှော့ဖို ခက်တယ်။ ကျွန်တော် မသိဘဲ လုပ်တာမဟုတ်ဘူး။ အန္တရာယ်တွေကို နားလည်တယ်။ အဲ့ဒီအခွင့်အရေးကို ယူဖို ဆန္ဒရှိတယ်လို ပြောနိုင်ပါတယ်။ ရင်းနှီးရကျိုးနပ်မယ်လို ခံစားရတယ်။”

“သူတိုအားလုံး နည်းနည်း ဆန့်ကျင်ကြတယ် ရိုးရိုးသားသားပြောရရင်။ ကျွန်တော့်ဇနီးကိုတော့ သဘောတူအောင် ပြောနိုင်ခဲ့တယ်။ သူ ပျော်ချင်မှ ပျော်မယ်၊ ဒါပေမယ့် ကျွန်တော့်ကိုတော့ ထားမသွားဘူးလို ထင်တယ်။ ဒါကတော့ ကောင်းတာပေါ့။ ကလေးတွေ၊ ကျွန်တော့်သားတွေကတော့ နားလည်တယ်။ ကျွန်တော့်သမီးကတော့ သိပ်သဘောမကျဘူး၊ ဒါပေမယ့် နောက်တစ်ကြိမ်ပဲ လုပ်ပြီး ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရအောင်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။