Danny Sabatello RIZIN ပြန်လာပွဲတွင် ၅၆ ပွဲအတွေ့အကြုံရှိ ဝါရင့်အားကစားသမားနှင့် ရင်ဆိုင်မည်

ယခင် Bellator ဘန်တမ်ဝိတ်တန်း ပြိုင်ပွဲဝင် Danny Sabatello သည် ၎င်း၏ ဒုတိယမြောက် RIZIN ပွဲအဖြစ် စက်တင်ဘာ ၂၈ ရက်နေ့တွင် ဂျပန်သို ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ပရိုမိုးရှင်းက ကြေညာခဲ့သည်။ “The Italian Gangster” ဟု လူသိများသော Sabatello သည် Nagoya တွင် ကျင်းပမည့် RIZIN 51 ပြိုင်ပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၅၆ ပွဲအတွေ့အကြုံရှိ ဝါရင့်အားကစားသမား Shoko Sato နှင့် ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်သည်။

Sabatello (15-4-1) သည် PFL တွင် တစ်ကြိမ်သာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် မေလက RIZIN တွင် ပွဲဦးထွက်ခဲ့သည်။ ၎င်းသည် Shinobu Ota ကို တတိယအချီတွင် ကန်ကျောက်အနိုင်ယူကာ သုံးပွဲဆက်တိုက် အနိုင်မရခဲ့ခြင်းကို ရပ်တန့်နိုင်ခဲ့သည်။

၎င်း၏ နောက်ဆုံးအနိုင်ပွဲမှာ ၂၀၂၃ ခုနှစ် Bellator တွင် Marcos Breno ကို အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ထိုပွဲအပြီးတွင် Magomed Magomedov နှင့် Raufeon Stots တိုကို ရှုးနိမ့်ခဲ့ကာ Lazaro Dayron နှင့် သရေကျခဲ့သည်။

Sato (37-16-2, 1 no-contest) သည် ယခင် Shooto ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၁၇ နှစ်တာ ကာလအတွင်း Pancrase, Sengoku, Road FC, Vale Tudo Japan နှင့် ONE Championship အပါအဝင် အာရှ MMA ပရိုမိုးရှင်းအများစုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ RIZIN တွင် ၃-၁ ရလဒ်ရရှိထားပြီး နောင်ချန်ပီယံဖြစ်လာမည့် Naoki Inoue ကိုသာ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။