အာမန် ဆာရူခ်ယန်- UFC Lightweight အဆင့်သတ်မှတ်ချက်မှ Paddy Pimblett ကို ဖယ်ရှားသင့်ပြီဟုဆို

အာမန် ဆာရူခ်ယန်က Paddy Pimblett သည် UFC Lightweight ချန်ပီယံဆုနှင့် လုံးဝမပတ်သက်သင့်ကြောင်း ပြတ်ပြတ်သားသား ထောက်ပြပြောကြားလိုက်သည်။

လက်ရှိချန်ပီယံ Ilia Topuria သည် ၎င်း၏ပထမဆုံး စိန်ခေါ်သူကို စောင့်ဆိုင်းနေချိန်တွင် Pimblett မှာ UFC ၌ ၇-၀ ဖြင့် စံချိန်ကောင်း ရရှိထားပြီး UFC 317 ပွဲစဉ်တွင် “El Matador” နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သဖြင့် စိန်ခေါ်သူအဖြစ် အားကောင်းနေသူဖြစ်သည်။ သိုသော် ဆာရူခ်ယန်ကိုယ်တိုင်မှာမူ ယခင်ချန်ပီယံ Islam Makhachev လက်ထက်၊ ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ချန်ပီယံဆုအတွက် စိန်ခေါ်ရန် စီစဉ်ခဲ့သော်လည်း နောက်ကျောဒဏ်ရာကြောင့် နောက်ဆုံးမိနစ်တွင် အခွင့်အရေးကို လက်လွှတ်ခဲ့ရသူ ဖြစ်သည်။

တစ်နှစ်ကျော်ကြာ တိုက်ခိုက်ခြင်းမရှိသေးသော်လည်း၊ Pimblett နှင့် နှိင်းယှဉ်ပါက သူသာလျှင် နံပါတ် ၁ စိန်ခေါ်သူအဖြစ် သတ်မှတ်သင့်သည်ဟု ဆာရူခ်ယန်က အခိုင်အမာ ပြောကြားခဲ့သည်။ ၎င်း၏ မှတ်ချက်သည် Paddy Pimblett ၏ လက်ရှိ အဆင့်သတ်မှတ်ချက်အပေါ် မေးခွန်းထုတ်စရာများ ဖြစ်ပေါ်စေခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။