အက်စတွန်ဗီလာအသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက် ပြီးဆုံးသွားပြီလို့ ဝန်ခံ

အက်စတွန်ဗီလာအသင်းနည်းပြ အူနိုင်းအမ်မရီက

ဝုလ်ဗ်ကို ဝ-၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် အသင်းရဲ့

ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက် ပြီးဆုံးသွားပြီလို့

ဝန်ခံခဲ့ပါတယ်။

ဗီလာအသင်းဟာ ထိပ်ဆုံးက အာဆင်နယ်နဲ့ပွဲတူ

၁၀ မှတ်၊ ဒုတိယနေရာက မန်စီးတီးထက် တစ်ပွဲပို ငါးမှတ် ကွာဟနေတာဖြစ်တယ်။

”ပရီးမီးယားလိဂ်မှာ ဆုဖလားရမယ့် အခွင့်အလမ်း ဆုံးရှုံးနေပါပြီ။ လွန်ခဲ့တဲ့နှစ်လက အာဆင်နယ်၊ မန်စီးတီးတို့နဲ့ အပြိုင်ဖြစ်ခဲ့ပြီး ချန်ပီယံအကြောင်းလည်း ကျွန်တော့်ကို မေးခဲ့ကြတယ်။ တစ်စုံ

တစ်ယောက်၊ ကျွန်တော်ကိုယ်တိုင်တောင် ချန်ပီယံဖြစ်နိုင်တယ်လို့ ပြောခဲ့တယ်။ ပရိသတ်တချို့

ကလည်း ဒါကို အိပ်မက်မက်ခဲ့တယ်။ အခုတော့

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲမဝင်နိုင်တော့ပါဘူး။ တချို့ကတော့ ဒါကို စိတ်ပျက်လိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပါပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အိပ်မက်တွေထဲမှာ

ပါဝင်ခဲ့လို့ပါပဲ။ စက်တင်ဘာမှာ ကျွန်တော် စိုးရိမ်ခဲ့ရပြီး အဓိကအရာက ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ ဖြစ်ခဲ့တယ်။ ဒီဇင်ဘာမှာ ထိပ်ဆုံး ငါးသင်း ပြန်ဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရှိလာဖို့ စိတ်လှုပ်ရှားပြီး ပျောက်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့တစ်လခန့်ကတော့

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တဲ့အကြောင်း အိပ်မက်ခဲ့တယ်။ အခုတော့ ထိပ်ဆုံးငါးသင်း ဝင်နိုင်ခြေအဆင့်မှာ ရှိနေပါတယ်။ လီဗာပူးလ်၊ ချယ်လ်ဆီးနဲ့

မန်ယူနိုက်တက်တို့က ကျွန်တော်တို့နောက်က လိုက်နေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က အဓိကဦးစားပေးပါပဲ”လို့ အူနိုင်းအမ်မရီက ပြောခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ စတုတ္ထနေရာက မန်ယူနိုက်တက်ထက် တစ်ပွဲပို သုံးမှတ်သာကွာတော့လို့ စိုးရိမ်စရာပါပဲ။

ဒါ့အပြင် နှစ် ၃၀ ကြာ ဆုဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ဖို့ ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။