လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်ဟာ ပရီးမီးယားလိဂ်မှာ Clean Sheet ပွဲ(၁၀၀)ပြည့်မြောက်တဲ့ (၁၈)ဦးမြောက် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အယ်လစ်ဆန်(၃၃ နှစ်)ဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ လိဒ်စ်နဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် Clean Sheet ပွဲ(၁၀၀)ပြည့်မြောက်ခဲ့တာပါ။
၂၀၁၈ ခုနှစ်ကတည်းက လီဗာပူးလ်အသင်းကို ရောက်ရှိခဲ့တဲ့ အယ်လစ်ဆန်ဟာ ပရီးမီးယားလိဂ်ပွဲပေါင်း (၂၄၄)ပွဲ ယှဉ်ပြိုင်အပြီးမှာ Clean Sheet ပွဲ(၁၀၀)ပြည့်ခဲ့တာကြောင့် Clean Sheet ရရှိမှုနှုန်းက (၄၀.၉၈)ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။
အယ်လစ်ဆန်ဟာ လီဗာပူးလ်အသင်းရဲ့သမိုင်းမှာ Clean Sheet ပွဲ(၁၀၀)ပြည့်တဲ့ ပဥ္စမမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး တခြားဂိုးသမား(၄)ဦးကတော့ ကလီမန့်စ်၊ ဂရော့ဘီလာ၊ ရေနာနဲ့ အယ်လစ်ရှာစကော့တို့ဖြစ်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်မှာ Clean Sheet အများဆုံးရရှိထားတဲ့ ဂိုးသမားကတော့ ချယ်လ်ဆီးနဲ့ အာဆင်နယ်မှာ ကစားခဲ့တဲ့ ချက်ဂိုးသမား ပီတာချက်(၂၀၂ ပွဲ)ဖြစ်ကြောင်း သိရပါတယ်။