အောင်လအန်ဆန်ကို ONE ရဲ့ Hall of Fame မှာ တရားဝင်ထည့်သွင်းဂုဏ်ပြုမှု ပြုလုပ်

အောင်လအန်ဆန်ကို ONE ရဲ့ Hall of Fame မှာ တရားဝင်ထည့်သွင်းဂုဏ်ပြုမှု ပြုလုပ်

ONE Championship အဖွဲ့အစည်းက မြန်မာ MMA ကစားသမား အောင်လအန်ဆန်ကို တရားဝင်ထည့်သွင်းဂုဏ်ပြုတဲ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ ONE 173 ပွဲစဉ်အတွင်း ONE ဥက္ကဋ္ဌ ချတ်ထရီက အောင်လအန်ဆန်ကို Hall of Fame ဆုတံဆိပ် အပ်နှင်းခဲ့တာဖြစ်တယ်။

အောင်လအန်ဆန်အနေနဲ့ ONE Championship မှာ ဒီမီထရီးယပ်စ်ဂျွန်ဆင်၊ ဘီဘီယာနိုဖာနန်ဒက်စ်ပြီးနောက် Hall of Fame မှာ တတိယမြောက် ထည့်သွင်းဂုဏ်ပြုခံရသူလည်း ဖြစ်ခဲ့ပါတယ်။

အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ ONE လက်အောက်မှာ ၂၀၁၄ ခုနှစ် ဇွန်လက စတင်ထိုးသတ်ခဲ့ပြီး ၁၁ နှစ်ကြာ ONE နဲ့ လက်တွဲခဲ့တာပါ။

အောင်လအန်ဆန်အနေနဲ့ ONE ပွဲစဉ်ပေါင်း ၂၀ ထိုးသတ်ခဲ့ပြီး ၁၅ ပွဲနိုင်၊ ၅ ပွဲရှုံးမှတ်တမ်း ရရှိခဲ့ပါတယ်။

နိုင်ပွဲ ၁၅ ပွဲမှာ ၈၇ ရာခိုင်နှုန်းဖြစ်တဲ့ ၁၃ ပွဲက အလဲထိုး၊ ဒိုင်ပွဲရပ်အလဲထိုးနဲ့ ချုပ်ကွက်တွေနဲ့ အနိုင်ယူခဲ့တာဖြစ်တယ်။

၎င်းဟာ ONE မှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်ခဲ့ပြီး မတူညီတဲ့ ဝိတ်တန်းနှစ်ခုမှာ ချန်ပီယံဖြစ်တဲ့ တတိယမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။