Opta ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ နောက်ဆုံးခန့်မှန်းချက်မှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိလာ

ပရီးမီးယားလိဂ် ပွဲစဉ်-၁၀ အပြီး Opta က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ရာသီကုန် ချန်ပီယံ ရေပန်းစားမှုမှာ အာဆင်နယ်အသင်းရဲ့ ရာသီကုန် ပျမ်းမျှရမှတ်မှာ ၈၁ ဒသမ ၄၉ မှတ် ရှိနေပြီး ချန်ပီယံဖြစ်နိုင်ခြေမှာလည်း ၇၀ ဒသမ ၀၅ ရာခိုင်နှုန်းအထိ မြင့်တက်လာ ခဲ့ပါတယ်။

Opta ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ အာဆင်နယ်အသင်းနောက် မန်စီးတီးအသင်းက ၇၁ ဒသမ ၀၁ မှတ်၊ လီဗာပူးလ်အသင်းက ၆၉ ဒသမ ၈၆ မှတ်၊ ချယ်လ်ဆီးအသင်းက ၆၂ ဒသမ ၈၉ မှတ်၊ ခရစ္စတယ်ပဲလေ့စ် အသင်းက ၆၀ ဒသမ ၀၅ မှတ်၊ အက်စတွန် ဗီလာအသင်းက ၅၈ ဒသမ ၅၁ မှတ်၊ ဘုန်း မောက်အသင်းက ၅၈ ဒသမ ၂၃ မှတ်၊ မန်ယူ နိုက်တက်အသင်းက ၅၆ ဒသမ ၄၈ မှတ်၊ ဘရိုက်တန်အသင်းက ၅၅ ဒသမ ၉၇ မှတ်၊ နယူးကာဆယ်အသင်းက ၅၅ ဒသမ ၆၁ မှတ်နဲ့ ထိပ်ဆုံး ၁၀ သင်းစာရင်း ဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်-၁၀ မှာ အာဆင်နယ်အသင်းက ဘန်လေအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဒုတိယနေရာက မန်စီးတီးအသင်းကို ခြောက်မှတ်ဖြတ်ကာ ဦးဆောင်နေတာပါ။

မန်စီးတီးအသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေကတော့ ၁၃ ဒသမ ၆၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

လက်ရှိချန်ပီယံ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်နိုင်ပွဲ ပြန်ရခဲ့ပေမဲ့ ချန်ပီယံဖြစ်နိုင်ခြေမှာ ၁၀ ဒသမ ၁၁ ရာခိုင်နှုန်းသာ ရှိတော့ပါတယ်။

ချယ်လ်ဆီးအသင်းက ၂ ဒသမ ၃၆ ရာခိုင်နှုန်း၊ ခရစ္စတယ်ပဲလေ့စ်အသင်းက ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ ရှိနေပြီး ကျန်အသင်းများမှာ ဖြစ်နိုင်ခြေအလွန်နည်းကာ တစ်ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။

စပါးအသင်းမှာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့ပြီး ရာသီကုန်ဖြစ်နိုင်ခြေရမှတ်မှာ ထိပ်ဆုံး ၁၀ သင်းပြင်ပကို ရောက်ရှိသွားခဲ့ကာ ပျမ်းမျှ ရမှတ် ၅၅ ဒသမ ၄၇ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

နာမည်ကြီး မန်ယူနိုက်တက်အသင်းမှာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ၁၂ ဒသမ ၄၄ ရာခိုင်နှုန်း၊ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ၈ ဒသမ ၃၉ ရာခိုင်နှုန်း ရှိနေပါတယ်။

လက်ရှိ အဆင့်လေးနေရာမှာ ရောက်ရှိနေတဲ့ တန်းတက်ကလပ် ဆန်းဒါးလန်းအသင်းကို ရာသီကုန် ၄၅ ဒသမ ၄၅ မှတ်သာ ရရှိမယ်လို ခန့် မှန်းထားပြီး အဆင့် ၁၅ နေရာသာ ရရှိနိုင်ကြောင်းလည်း Opta က သုံးသပ်ထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။