ဆံပင်ညှပ်ဖို ထပ်စောင့်ရဦးမယ့် မန်ယူနိုက်တက်ပရိသတ်

မန်ယူနိုက်တက်အသင်း ငါးပွဲဆက်အနိုင်မရမချင်း ကြွေးကြော်ထားတဲ့ အသင်းပရိသတ်ဖရန့်ခ်အီလတ်က အသင်းနိုင်ပွဲဆက်မှု ရပ်တန့်ခဲ့လို ဆံပင်ညှပ်ဖို ထပ်စောင့်ရဦးမှာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဆန်းဒါးလန်း၊လီဗာပူးလ်နဲ့ ဘရိုက်တန်တိုကို သုံးပွဲဆက် အနိုင်ယူခဲ့လို အီလတ်အတွက် မျှော်လင့်ချက်ရှင်သန်ခဲ့ပေမဲ့ နော်တင်ဟမ်ကို သရေကျခဲ့လို ပျက်သုဉ်းခဲ့ရပါတယ်။

အီလတ်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်က စတင်ကြွေးကြော်ခဲ့တာဖြစ်လို ဆံပင်မညှပ်ရတာ တစ်နှစ်ကျော် ရှိလာခဲ့ပါတယ်။

အခုရာသီ အစောပိုင်းက BBC Radio Manchester နဲ့ အင်တာဗျူးမှာ အီလတ်က အခုနှစ်ကုန်မှာ ဆံပင်ညှပ်ရဖို မျှော်လင့်ထားတယ်လို ပြောခဲ့ဖူးပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မန်ယူနိုက်တက်အသင်း သုံးပွဲဆက် အနိုင်ရလို မျှော်လင့်ချက်ရှိလာပေမဲ့ ပဲလေ့စ်ကိုရှုးပြီး ထပ်စောင့်ခဲ့ရပြန်ပါတယ်။

အီလက်ခ်အနေနဲ့ လက်ရှိမှာ မန်ယူနိုက်တက်အသင်း စပါး၊ အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်းနဲ့
ဝုလ်ဗ်တိုကို အနိုင်ကစားနိုင်မှ အစောဆုံး ဒီဇင်ဘာ ၈ ရက်မှာ ဆံပင်ညှပ်ရပါလိမ့်မယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။