လက်ရှိအချိန်မှာ စာချုပ်သစ်အတွက် ပြောဆိုမှာမဟုတ်ဘဲ အသင်းနိုင်ပွဲပြန်လည်ရရှိရေးကိုသာ အဓိကအာရုံစိုက်ထားကြောင်း အာနယ်ဆလော့ ပြောကြား

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က လက်ရှိအချိန်မှာ စာချုပ်သစ်အတွက် ပြောဆိုမှာမဟုတ်ဘဲ အသင်းနိုင်ပွဲပြန်လည်ရရှိရေးကိုသာ အဓိကအာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

နယ်သာလန်နည်းပြ အာနယ်ဆလော့ဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရာထူးက ထုတ်ပယ်ခံရဖို အလေးပေးမှုတွေ မြင့်တက်နေပေမဲ့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေက သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို ဆွေးနွေးနေကြောင်းလည်း သတင်းများထွက်ပေါ်လာပါတယ်။

လီဗာပူးလ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ခုနစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိပြီး ခြောက်ပွဲရှုးနိမ့်ခဲ့ပါတယ်။

ဒါ့ကြောင့် ပရီးမီးယားလိဂ်က ထပ်မံထုတ်ပယ်ခံရမယ့် နည်းပြစာရင်းမှာ ဝုလ်ဗ်နည်းပြ ဗစ်တာပါရဲရားရဲ့နောက် ဒုတိယရေပန်းအစားဆုံးဖြစ်လာကြောင်း သိရပါတယ်။

ဒါပေမဲ့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေကတော့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့ အာနယ်ဆလော့ကို ယုံကြည်မှုအပြည့်ရှိနေတဲ့အတွက် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖိုတောင် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

အာနယ်ဆလော့ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် သက်တမ်းတိုးဖို ဆွေးနွေးနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီအတွက် အက်စတွန်ဗီလာနဲ့ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးလ်နဲ့ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖွယ်ရှိသလားလို မေးမြန်းခဲ့ရာ အာနယ်ဆလော့က ”ဒါဟာ ဒီအကြောင်း နောက်ဆုံးမေးခွန်းဖြစ်ဖို ကျွန်တော် မျှော်လင့်ပါ တယ်။ ကျွန်တော့်ရဲ့အာရုံက လီဗာပူးလ်အသင်း နိုင်ပွဲလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိရေးအတွက်ပဲ အပြည့်အဝရှိနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပထမအဖြေပါ။ ဒုတိယအဖြေကတော့ စာချုပ်ကိစ္စအတွက် သူတို အဲဒီမှာရှိနေရင်တောင် ဒီအကြောင်းကို ကျွန်တော်တို ဒီနေရာမှာ လုံးဝမပြောဆိုပါဘူး။ နိုင်ပွဲပြန်ရဖိုကိုပဲ ကျွန်တော် အဓိကအာရုံစိုက်ထားပါတယ်” လို ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။