မန်ယူက ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ခွင့်ရှိလား

မန်ယူက ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ခွင့်ရှိလား

ဘောလုံးလောကမှာ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ဂရိက ယူရို ၂၀၀၄ မှာ ဉရောပချန်ပီယံဖြစ်ဖူးတယ်။ လက်စတာက ၂၀၁၆ မှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖူးတယ်။ ဒီလိုပဲ လက်ရှိရာသီပရီးမီးယားလိဂ်မှာ မန်ယူအသင်းချန်ပီယံမဖြစ်နိုင်ဘူးလို မပြောနိုင်ပါဘူး။

လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလမှာမန်ယူရောက်လာသူတွေက အောင်မြင်မှုထက်မန်ယူကိုချစ်တဲ့စိတ်ကြောင့် ရောက်လာတဲ့ကစားသမားတွေလိုဆိုနိုင်ပါတယ်။

မန်ယူရဲ့ကစားသမားခေါ် ယူမှုတွေက စိတ်ကျေနပ်စရာကောင်းပြီး လက်ရှိရာသီမှာ ဉီးပြန်မော့လာမယ့် အရိပ်အယောင် မြင်နေရပါတယ်။ ချယ်လ်ဆီးနဲ့ လီဗာပူးလျကိုအနိုင်ရပြီးနောက် မန်ယူရဲ့မျှော်လင့်ချက်ဟာ ပိုပြီးကြီးမားလာပြီ။

ဉရောပပြိုင်ပွဲ ဝင်ခွင့်မရလို မန်ယူကိုဘယ်ကစားသမားမှ မလာချင်ဘူးထင်ရပေမယ့် ကန်ညာ၊ အမ်ဘူမို၊ ဆက်ရှ်ကိုအစရှိတဲ့ တိုက်စစ်ကြယ်ပွင့်တွေ သိမ်းပိုက်နိုင်ခဲ့တယ်။ မန်ယူပရိသတ်တွေအတွကိ ပိုပြီးဂုဏ်ယူစရာကောင်းတာက အမ်ဘူမိုကစပါး၊ ဆက်ရှ်ကိုက နယူးကာဆယ်တိုရဲ့ကမ်းလှမ်းမှု၊ ချန်ပီယံလိဂ်ကစားခွင့်ကို ငြင်းပယ်ပြီး မန်ယူရောက်လာတာပါ။

ပြည်တွင်းပြိုင်ပွဲတွေပဲကစားရမယ့်အခြေအနေက ပြန်လည်တညိဆောက်ခါစ မန်ယူကို ဖိအားလျော့စေလိမ့်မယ်။ ဒါကအခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပြီး ပွဲပန်းဒဏ်လျော့ကျစေပါတယ်။ ကိုယ်ဘာလုပ်ရမလဲဆိုတဲ့ရည်မှန်းချက်ကို ထင်ရှားပြတ်သားစေပါတယ်။

မန်ယူမှာလိုအပ်ချက်တစ်ခုတော့ရှိနေတယ်။ ကွင်းလယ်လုပ်အားနှုန်းပါ။ မန်ယူအတွက် No 6 role တစ်ယောက်လိုအပ်နေသေးပါတယ်။ အဲဒီ No 6 role မရှိလို မန်ယူကပြိုင်ဘက်ထိုးစစ်ဆင်တဲ့အခါ မဟန့်တားနိုင်ဘဲ အတုန်းအရုန်းဖြစ်နေတာပါ။

အာမိုရင်မ်က လာမယ့်နိုဝင်ဘာမှာ မန်ယူနည်းပြဘဝ တစ်နှစ်ပြည့်ပြီ။ အသင်းပိုင်ရှင်တွေကလိုလေးသေးမရှိ ဖြည့်ဆည်းပေးထားချိန်မှာအာမိုရင်မ် အကောင်းဆုံးဉီးဆောင်ပြရပါမယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် မန်ယူအရင်ဆုံး လုပ်ပြရမယ်။

လက်ရှိအချိန်မှာ မန်ယူက ပရီးမီးယားလိဂ် အမှတ်ပေးဇယားဉီးဆောင်သူ အာဆင်နယ်နဲ့ ရမှတ် ၆ မှတ်သာ ကွာဟနေလို
ချန်ပီယံ လမ်းကြောင်းထဲရှိနေပါသေးတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။