Usman Nurmagomedov က Paul Hughes ကို အနုနည်းဖြင့် အနိုင်ယူကာ Lightweight ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်း

စောင့်မျှော်နေကြသည့် ပွဲစဉ်ဖြစ်သည့် Usman Nurmagomedov နှင့် Paul Hughes တို၏ ဒုတိယအကြိမ် ရင်ဆိုင်တွေ့ဆုံမှုသည် PFL ဒူဘိုင်းပွဲစဉ်၏ ပင်မပွဲစဉ်အဖြစ် ခမ်းနားစွာ ကျင်းပခဲ့ပြီး၊ နောက်ဆုံးတွင် Nurmagomedov က ခက်ခဲကြမ်းတမ်းသော ငါးချီပွဲစဉ်အပြီးတွင် အမှတ်ဖြင့် တစ်ညီတစ်ညွတ်တည်း အနိုင်ရရှိကာ ၎င်း၏ PFL Lightweight ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ပွဲစဉ်တစ်လျှောက်လုံးတွင် ချန်ပီယံ Nurmagomedov သည် ၎င်း၏ ထူးချွန်သော မြေပြင်ချုပ်ကိုင်မှု (grappling) စွမ်းရည်ကို အပြည့်အဝ အသုံးချခဲ့ပါတယ်။ ၎င်းသည် Hughes ကို အကြိမ်ကြိမ် လဲချခဲ့ပြီး မြေပြင်တွင် အသာစီးရယူကာ အမှတ်များ စုဆောင်းခဲ့ပါတယ်။ Hughes က လဲကျရာမှ မကြာခဏဆိုသလို ရုန်းထွက်နိုင်သော်လည်း Nurmagomedov ၏ နေရာယူမှု အားသာချက်ကို လုံးဝ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

အားပြိုင်မှုပြင်းထန်သည့် ငါးချီအပြီးတွင် ဒိုင်သုံးဦးက Nurmagomedov ကို အနိုင်ရရှိသူအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အမှတ်ပေးမှုများမှာ ၅၀-၄၅၊ ၄၉-၄၆ နှင့် ၄၈-၄၇ ဖြစ်ပြီး အထူးသဖြင့် ၅၀-၄၅ အမှတ်ပေးမှုအပေါ် ဝေဖန်မှုအချို ရှိခဲ့သော်လည်း ရလဒ်မှာမူ ပြောင်းလဲခြင်းမရှိခဲ့ပါဘူး။

ပွဲအပြီးတွင် Nurmagomedov က “ကျွန်တော့်ဖခင်ရှေ့မှာ ဒီခါးပတ်ကို အနိုင်ရတဲ့ ခံစားချက်က အံ့မခန်းပါပဲ။ အရမ်းကြမ်းတဲ့ ပြိုင်ဘက်နဲ့ ခက်ခဲတဲ့ပွဲပါပဲ” ဟု ပြောကြားခဲ့သည်။

ပွဲရလဒ်က Nurmagomedov ကို Hughes အပေါ် ၂-၀ ဖြင့် စံချိန်တင်စေခဲ့ပြီး ရှုးပွဲမရှိ စံချိန်ကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သူတိုနှစ်ဦး၏ ပွဲစဉ်နှစ်ခုစလုံးက PFL တွင် အမှတ်တရ ဂန္တဝင်ပွဲစဉ်များအဖြစ် ရပ်တည်ခဲ့ပါတယ်

ရှုးနိမ့်သွားသည့် Paul Hughes ကလည်း သူ့ရဲ့ စိတ်ဓာတ်ကို ထုတ်ဖော်ခဲ့ပါတယ်။ “ကျွန်တော် ပြန်လာမှာပါ။ ယုံပါ၊ ကျွန်တော် ပြန်လာမှာပါ” ဟု ကတိပြုရင်း Nurmagomedov နှင့် အဖွဲအား လေးစားကြောင်း ပြောကြားခဲ့ပါတယ်

ပွဲ၏ ပထမအချီတွင် Nurmagomedov ၏ ခြေကန်ချက်တစ်ခု ပေါင်ခြံကို ထိမှန်ခဲ့ပြီး ခေတ္တရပ်နားခဲ့ရပါတယ်။ ပြန်လည်စတင်ချိန်မှာ Nurmagomedov က ခန္ဓာကိုယ်ကို ပြင်းထန်စွာ ကန်သွင်းကာ Hughes ကို လဲချပြီး ပွဲကို ဖိအားပေးခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။