အသင်းဟောင်းအကြောင်း မကောင်းပြောစရာမရှိဘူးလို ဂါနာချို ဆို

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဂါနာချိုက အသင်းဟောင်း မန်ယူအကြောင်း မကောင်းပြောစရာမရှိဘူးလို ဘင်ဖီကာနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဂါနာချို(၂၁ နှစ်)ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ဒီနှစ်နွေရာသီမှာ မန်ယူကနေ ချယ်လ်ဆီကို ပေါင်သန်း(၄၀)နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ဂါနာချိုဟာ ဘင်ဖီကာနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး သူ့ရဲ့ပေးပိုမှုကို တားဆီးရာက ပြိုင်ဘက်ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိတာဖြစ်ပါတယ်။

ပွဲအပြီး မန်ယူအသင်းနဲ့ ပတ်သက်တဲ့ မေးမြန်းမှုကို ဂါနာချိုက ”ကျွန်တော့်ရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အကြောင်း မကောင်းပြောစရာ ဘာမှမရှိပါဘူး။ ဘဝမှာ ဆိုးရွားတဲ့ အခိုက်အတန့်တွေနဲ့ ကြုံတွေ့ခဲ့ရရုံလေးပါပဲ။ အခု ဒီမှာ ကျွန်တော် အရမ်းပျော်နေပါတယ်။ ဒီပြိုင်ပွဲကို ကစားရပြီး ဒီနေ့ သုံးမှတ်လည်း ရရှိခဲ့ပါတယ်” လို ပြောကြားခဲ့ပါတယ်။

ဂါနာချိုဟာ မန်ယူအသင်းမှာ တောက်ပလာမယ့် ကစားသမားတစ်ဦးအဖြစ် ထင်ကြေးပေးခံခဲ့ရပေမဲ့ နည်းပြ အာမိုရင်မ်က အကြိုက်မတွေ့တာကြောင့် ဒီနွေမှာ ရောင်းထုတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။