ပရီးမီးယားလိဂ် ပွဲစဥ် – ၆ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ် ပွဲစဥ် – ၆ ပွဲကြိုသုံးသပ်ချက်

♦ နယူးကာဆယ် – အာဆင်နယ် (ည ၁၀ နာရီ)

ဒီဘက်နောက်ပိုင်းနှစ်တွေမှာ အာဆင်နယ်အသင်းကို ကစားရခက်စေတဲ့အသင်းတွေထဲမှာ နယူးကာဆယ်အသင်းလည်း အပါအဝင်ဖြစ်တယ်။ နှစ်ရာသီဆက်တိုက် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတွေမှာ အနိုင်ကစားထားသလို ပြီးခဲ့တဲ့ရာသီ လိဂ်ဖလားဆီမီးဖိုင်နယ်မှာ အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံး အနိုင်ရခဲ့တယ်။

ဒါပေမဲ့ အီဆက်ခ် မရှိတော့တဲ့ပြဿနာကို နယူးကာ ဆယ်အသင်း ရင်ဆိုင်နေရပြီး ငါးပွဲမှာ ခြောက်မှတ်ပဲရထားသလို တိုက်စစ်ကလည်း သုံးဂိုးပဲ သွင်းထားယူနိုင်တယ်။ အာဆင်နယ်အသင်းကတော့ ဒဏ်ရာပြဿနာတွေကြားမှာပဲ အသင်း လိုက်ကစားပုံက တော်တော်လေးအားရစရာကောင်းလာတယ်။ မာဒူအေကေ ဒဏ်ရာရသွား ချိန်မှာ ဆာကာ ပြန်ကစားနိုင်ပြီဖြစ်လို့ ညာခြမ်းတိုက်စစ်အတွက် စိတ်ပူစရာမရှိတော့ပါဘူး။

ဒီပွဲသာ ထပ်ပြီးအမှတ်လျော့ခဲ့ရင် လီဗာပူးလ်နဲ့ အမှတ်ကွာဟမှု ပိုများသွားနိုင်လို့ အာဆင်နယ် အမှားလုပ်လို့မရပါဘူး။ သရေကျနိုင်တဲ့ပွဲဖြစ်ပြီး ဂိုးလည်းနည်းလိမ့်မယ်။

♦ အခြားပွဲစဥ်

*အက်စတွန်ဗီလာ – ဖူလ်ဟမ်

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။