အာဆင်နယ်တိုက်စစ်ကစားသမား မာဒူအေကေ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိ

အာဆင်နယ်တိုက်စစ်ကစားသမား မာဒူအေကေ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိ

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား မာဒူအေကေဟာ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။

မာဒူအေကေဟာ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အဲဒီဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။

အစောပိုင်းမှာ ACL ဒဏ်ရာဖြစ်မှာကို အာဆင်နယ်အသင်း စိုးရိမ်ပူပန်ခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ (၆)ပတ်ကနေ (၈)ပတ်ဝန်းကျင်သာ အနားယူရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

အာဆင်နယ်နည်းပြ အာတီတာကတော့ မာဒူအေကေအနေနဲ့ ရက်သတ္တပတ်အနည်းငယ် အနားယူမှာဖြစ်ကြောင်းနဲ့ နောက်တစ်ပတ် စမ်းသပ်စစ်ဆေးမှုတွေ ထပ်လုပ်ပြီးမှသာ အတိအကျသိရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ကစားသမား မာဒူအေကေဟာ ဒီနွေမှာမှ ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းကို ပေါင်(၅၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အစောပိုင်းမှာ အာဆင်နယ်ပရိသတ်တွေက မလိုလားခဲ့ကြပေမဲ့ ရာသီစတင်ချိန်မှာ အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။