အီဆက်ခ် မရှိတော့တာကြောင့် အသင်းရဲ့တိုက်စစ်က ခြားနားသွားခဲ့ပြီလို အက်ဒီဟောင်း ပြောကြား

အီဆက်ခ် မရှိတော့တာကြောင့် အသင်းရဲ့တိုက်စစ်က ခြားနားသွားခဲ့ပြီလို့ အက်ဒီဟောင်း ပြောကြား

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက အသင်းမှာ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ် မရှိတော့တာကြောင့် အသင်းရဲ့ တိုက်စစ်ကစားပုံက ခြားနားသွားခဲ့ပြီလို့ ဘုန်းမောက်အသင်းနဲ့ ဂိုးမရှိသရေကျတဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်(၃)ပွဲဆက် ဂိုးမပေးရတဲ့ Clean Sheet ရလဒ်တွေ ရရှိခဲ့ပေမဲ့ (၃)ပွဲစလုံးမှာ ဂိုးမသွင်းနိုင်ဘဲ (၀-၀)ရလဒ်တွေနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။

ဒါကြောင့် အက်ဒီဟောင်းက တိုက်စစ်မှူး အီဆက်ခ် မရှိတော့ခြင်းရဲ့ အကျိုးသက်ရောက်မှုလို့ ပြောကြားခဲ့တာဖြစ်ပြီး တခြားကစားသမားတွေအနေနဲ့ ဒီကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားကြရမယ်လို့လည်း ဆိုခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ အီဆက်ခ်ကို လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပြုခဲ့ရတာကြောင့် ဘရန့်ဖို့ဒ်က ဝစ်ဆာနဲ့ စတုဂတ်က ဗော်တာမေဒီတို့ကို ခေါ်ယူအစားထိုးခဲ့ပေမဲ့ ဝစ်ဆာက ဒဏ်ရာရနေသလို၊ ဗော်တာမေဒီကလည်း အသင်းဖော်တွေနဲ့ အချိတ်အဆက်မိဖို့ လိုနေသေးကြောင်း သိရပါတယ်။

”ခြားနားတဲ့အသင်းတစ်သင်းအဖြစ် ပြောင်းလဲတိုးတက်လာဖို့၊ ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် နည်းနည်းတော့ အချိန်ယူရမှာပါ” လို့ အက်ဒီဟောင်းက ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။