UFC ပရိသတ်တွေအတွက် သတင်းကောင်း! Marlon “Chito” Vera ပြန်လာပါပြီ။ တစ်နှစ်ကျော်လောက် အနားယူပြီးတဲ့နောက် အခုတော့ တိုက်ပွဲဝင်ဖို ပြင်ဆင်


ဒီတစ်ခါတော့ တက်သစ်စကစားသမား Aiemann Zahabi နဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမှာ တွေ့ကြမှာပါ။ Vera ဟာ နောက်ဆုံးလေးပွဲမှာ ၁-၃ နဲ့ ရလဒ်သိပ်မကောင်းခဲ့ဘူး။

Sean O’Malley ကိုလည်း ခါးပတ်လုပွဲမှာ ရှုံးခဲ့ပြီး Deiveson Figueiredo ကိုလည်း ရှုံးနိမ့်ထားတာကြောင့် ဒီပွဲက သူ့အတွက် အရေးကြီးနေပါတယ်။

ပြိုင်ဘက် Zahabi ကတော့ အခုချိန်မှာ ခြေစွမ်းပြနေပြီး ခြောက်ပွဲဆက်တိုက် အနိုင်ရထားတာပါ။ ပြီးခဲ့တဲ့ မေလတုန်းကဆိုရင် နာမည်ကြီး Jose Aldo ကိုတောင် အနိုင်ယူထားနိုင်တာမို့ Vera အတွက် လွယ်တဲ့ပွဲတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒီ UFC Vancouver ပွဲမှာ သူတို့နှစ်ယောက်ရဲ့ပွဲအပြင် တခြားကောင်းမွန်တဲ့ ပွဲစဉ်တွေလည်း ပါဝင်ဦးမှာပါ။ ဒါပေမဲ့ ပင်မပွဲစဉ်ကိုတော့ UFC က တရားဝင်ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ ဘယ်သူတွေ ထိုးကြမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။