Jiri Prochazka- Magomed Ankalaev နှင့် Alex Pereira တို၏ UFC 320 ပွဲအတွက် အရန်အဖြစ် ပါဝင်မည်

Jiri Prochazka ဟာ UFC 320 မှာ Khalil Rountree Jr. နဲ့ ထိုးသတ်ဖို စီစဉ်ထားပေမယ့်၊ လိုအပ်လာခဲ့ရင်ဆိုတဲ့ အခြေအနေမျိုးအတွက် အဲဒီ့ရက်သတ္တပတ်မှာ နှစ်ဆတာဝန်ယူသွားမှာပါ။

Light Heavyweight ချန်ပီယံဟောင်း Jiri Prochazka ဟာ Magomed Ankalaev နဲ့ Alex Pereira တို ပြန်လည်ယှဉ်ပြိုင်မယ့် ညပွဲစဉ်အတွက် တရားဝင်အရန်ဖိုက်တာ အဖြစ် ပါဝင်ဖို မျှော်မှန်းထားပါတယ်။ Prochazka ရဲ့အဖွဲဟာ Yahoo! Sports နဲ့ စကားပြောဆိုပြီးနောက်ပိုင်းမှာ သူ့ရဲ့ထပ်ဆောင်းတာဝန်အကြောင်းကို MMA Fighting ကို တနင်္လာနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။

UFC ဟာ ပင်မပွဲစဉ်မှာ မမျှော်လင့်ဘဲ ပြဿနာပေါ်လာတဲ့အခါမျိုးအတွက် အရန်ဖိုက်တာတွေကို မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ Prochazka ကလည်း ဒီပွဲမှာ ပါဝင်ဖို စီစဉ်ထားပြီးသားဖြစ်တာကြောင့် ဒီအစီအစဉ်က ပိုပြီးလွယ်ကူသွားစေပါတယ်။

Prochazka အတွက် အဓိကကွာခြားချက်ကတော့ လိုအပ်လာခဲ့ရင် ချန်ပီယံဆုအတွက် 205 ပေါင်အထိ ကိုယ်အလေးချိန် လျှော့ချ ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ခေါင်းစဉ်ကာကွယ်ပွဲမဟုတ်တဲ့ ပွဲအတွက် စီစဉ်ထားတာကြောင့် ပုံမှန်အားဖြင့် ကိုယ်အလေးချိန် ချိန်တဲ့အခါ တစ်ပေါင်အထိ သက်သာခွင့်ရမှာ ဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။