၁၀ ပွဲဆက် ဂိုးသွင်းခဲ့တဲ့ အမ်ဘာပေ ခြေချင်းဝတ်ဒဏ်ရာ ထပ်မံရရှိ

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ အဇာဘိုင်ဂျန်ကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၁၀ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ခြေချင်းဝတ်ဒဏ်ရာ ထပ်မံရရှိခဲ့ပါတယ်။

အမ်ဘာပေဟာ ၈၄ မိနစ်မှာ ဒီဒဏ်ရာကြောင့်သာအူဗင်နဲ့ လူစားလဲခံခဲ့ရတာဖြစ်တယ်။

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်စ်က ”သူဟာ ခြေချင်းဝတ်ရဲ့ အရင်နေရာမှာပဲ ထပ်ထိတာပါ။ အနားယူလိုက်တဲ့အချိန်မှာတော့ နာကျင်မှု သက်သာသွားပါတယ်။ ဘောလုံးပွဲတွေမှာတော့ ဒါတွေက မလွဲမသွေ ထိတတ်ပါတယ်။ ဒဏ်ရာအခြေအနေ
ကိုတော့ နောက်ပိုင်းမှ ကျွန်တော်တို ကြည့်ရမှာပါ။ သူ အနည်းငယ်တော့နာနေတယ်။ ဒါက သူ့အတွက် မကောင်းပါဘူး”လို ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၅၃ ဂိုး ရှိလာပြီး ဂိုးအများဆုံး ဂျရူး(၅၇ ဂိုး)ကိုမီဖို လေးဂိုးသာ လိုပါတော့တယ်။

၎င်းဟာ အခုရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၁၃ ပွဲကစားပြီး ၁၇ ဂိုး သွင်းယူထား
ပါတယ်။

၎င်းထက် ဂိုးပိုသွင်းထားတာဆိုလို ဟာလန်းနဲ့
ဟာရီကိန်းတိုသာ ရှိပြီး ဟာလန်းက ၁၁ ပွဲကစား ၁၈ ဂိုးနဲ့ ဟာရီကိန်းက ၁၀ ပွဲကစား ၁၈ ဂိုး ရှိနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။