အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား

အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား

ချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့ အားပေးမှုမျိုး လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပွဲကျပ်နှစ်ပွဲ ဆက်တိုက်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲမှာ ပရိသတ် ၃၉၃၂၃ ဦး လာရောက်အားပေးခဲ့ပြီး အဲဒီပွဲက ချယ်လ်ဆီးပရိသတ်တွေရဲ့ အားပေးမှုကို မာရက်စကာက ကျေနပ်အားရနေခြင်းဖြစ်ကြောင်း သိရပါတယ်။

”ဘာစီလိုနာနဲ့ပွဲက ပရိသတ်တွေရဲ့အားပေးမှုကတော့ ထိပ်တန်းပါပဲ။ အခု ကျွန်တော်တို့ အာဆင်နယ်နဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ယှဉ်ပြိုင်ရတော့မှာပါ။ တနင်္ဂနွေနေ့မှာ တူညီတဲ့ အားပေးမှုမျိုး လိုအပ်ပါတယ်” လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်တွင် ပွဲစဉ် ၁၂ အပြီးမှာ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် လာမယ့် လန်ဒန်ဒါဘီပွဲစဉ်က ပရီးမီးယားလိဂ်ထိပ်ဆုံးနှစ်သင်း အားပြိုင်ရမယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ခြောက်မှတ်အသာ ရရှိထားတဲ့အတွက် ချယ်လ်ဆီးအသင်းအနေနဲ့ အနိုင်ရရှိမှ အမှတ်ကွာဟမှုကို လျှော့ချနိုင်မှာဖြစ်ပြီး ရှုံးနိမ့်ခဲ့ရင် ဒုတိယနေရာက ပြန်ဖယ်ပေးရဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ချယ်လ်ဆီးအသင်းကို နောက်ဆုံးခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး လေးပွဲနိုင်၊ နှစ်ပွဲသရေကျခဲ့ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။