သန်းပိုင်ရဲ့ ထရတ်အသင်းက လွင်မိုးအောင်ရဲ့ မဟာဆာရာခမ်အသင်းကို အနိုင်ရ

၂၀၂၅- ၂၀၂၆ ရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်တဲ့ တိုက်စစ်မှူးသန်းပိုင်ရဲ့ ထရတ်အသင်းက ကွင်းလယ်လူ လွင်မိုးအောင်ရဲ့ မဟာဆာရာခမ်အသင်းကို အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၃၁) ကို ပြီးခဲ့တဲ့မတ် ၂၀၊ ၂၁၊ ၂၂ ရက်များက ကျင်းပခဲ့ပြီး မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးသန်းပိုင်ရဲ့ ထရတ်အသင်းဟာ မတ် ၂၂ ရက်က အိမ်ကွင်းမှာ လွင်မိုးအောင်ရဲ့ မဟာဆာရာခမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ (၂-ဝ) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲမှာ ထရတ်အသင်းက နိုင်ပွဲရရှိခဲ့ပေမဲ့ တိုက်စစ်မှူး သန်းပိုင်ကို ပွဲပြီးခါနီးမှသာ ထည့်သွင်းအသုံးပြုခဲ့ကြောင်း သိရပါတယ်။

သန်းပိုင်ဟာ ပွဲပြီးခါနီးမှ ဝင်ရောက်ကစားခွင့်ရခဲ့တာကြောင့် ထရတ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်းမရှိပေမဲ့ ယခုရာသီမှာ ထရတ်အသင်းအတွက် ခုနစ်ဂိုး သွင်းယူပေးထားကြောင်း သိရပါတယ်။

ကွင်းလယ်လူ လွင်မိုးအောင်ကတော့ အဲဒီပွဲမှာ မ ဟာဆာရာခမ်အသင်းရဲ့ ပွဲထွက်ကစားသမား အဖြစ် ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရခဲ့ပြီး အသင်းက ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်ပါတယ်။

လွင်မိုးအောင်ဟာ ယခုရာသီမှာ မဟာဆာရာခမ်အသင်းအတွက် ခုနစ်ဂိုး သွင်းယူပေးထားကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    YG NEWS
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက် DR ကွန်ဂိုကစားသမားနဲ့ နည်းပြတွေ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေသားဆုကြေး ရရှိမယ်
    YG NEWS
    ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ သောမတ်စ်တူဟယ်လ် ပြောကြား
    YG NEWS
    ဘာစီလိုနာလို ဥရောပထိပ်တန်းကလပ်တွေကို ငြင်းဆန်ဖို့ခက်တယ်လို့ ကူကူရယ်လာ ပြောကြား
    YG NEWS
    ဒီဇာဘီကို စပါးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။